ေယာက်ာ္းျဖစ္ေစ မိန္းမျဖစ္ေစ တကယ္ခ်စ္ၾကတယ္ဆိုရင္ အတိတ္ကအမွားေတြကို လက္ညႇိးထိုး​ေျပာဆိုတာမ်ိဳး မလုပ္ရဘူး

တကယ္ခ်စ္တယ္ဆိုရင္ သူမွားေနရင္ေတာင္မွ လက္ခံ နားလည္​ေပးရမွာပဲ။ ခ်စ္သူ/ရည္းစားရယ္လို႔ ျဖစ္လာၿပီ ဆိုရင္ တစ္ေယာက္သိကၡာကို တစ္ေယာက္က ကာကြယ္ေပးရမယ္။ အပုပ္မခ်သင့္ဘူး။ လူတိုင္းဟာ အတၱသမားခ်ည္းပဲ။

သူ႔အတၱကိုထိပါးလာတာ လူတိုင္းမႀကိဳက္ၾကဘူး။ ေပါင္းသင္းဆက္ဆံေရးမွာ ဒီအခ်က္က သိပ္အေရးႀကီးတယ္ဆိုပါေတာ့ ေထာင္က်ေနတဲ့လူေတြကို ခင္ဗ်ားမွားတယ္လို႔ သြားေျပာရင္ ဘာျပန္ေျပာမယ္ထင္လဲ။ “တကယ္က ကြၽန္ေတာ္လူမွားၿပီး

တရားစြဲခံခဲ့ရတာပါ။ တရားသူႀကီးက လာဒ္စားလို႔ပါ။ ကြၽန္ေတာ္ ဘုရားမႀကိဳက္တာ မလုပ္ခဲ့ပါဘူး”ဆိုတဲ့ အေျဖပဲ​ေပးၾကလိမ့္မယ္။ လူ၁၀၀ မွာ ၈၀ေလာက္က ဝန္ခံရဲၾကမွာမဟုတ္ဘူး။ ဒါဟာ ဘာလို႔လဲဆိုေတာ့ လူတိုင္းဟာမိမိအတၱကိုမိမိ

ကာကြယ္ခ်င္တဲ့စိတ္ရွိလို႔ပဲေပါ့။ ခ်စ္သူ/ရည္းစားအခ်င္းခ်င္း ကြယ္ရာမွာတစ္ေယာက္ကိုတစ္ေယာက္ မေကာင္းေၾကာင္းေျပာဆိုေနရင္ ဒါဟာတကယ္ခ်စ္တာ မဟုတ္ဘူးလို႔ ယူဆလို႔ရပါတယ္။ ခ်စ္ေနဆဲအခ်ိန္မွာ ျမဳံထားၾကေပမယ့္ ျပႆနာျဖစ္ၾကတဲ့အခါ

အခ်င္းခ်င္း ငယ္က်ိဳးငယ္နာေတြ​ေဖာ္ၾကမယ္ဆိုရင္ ဘယ္မွာျငိမ္းေအးမႈ ရွိပါေတာ့မလဲ။ အမွားကင္းတဲ့ လူရယ္လို႔ ဒီေလာကမွာမရွိဘူး။ သူလည္းမွားသလို ကိုယ္လည္းမွားမွာပဲေလ။ ဒါကိုနားလည္ သေဘာေပါက္ထားရမယ္။

ကြယ္ရာမွာအခ်င္းခ်င္း​ ​ေဝဖန္အပုပ္ခ်ေနတဲ့ ခ်စ္သူ/ရည္းစားေတြက ၿမဲမယ္လို႔ထင္သလား။ မၿမဲပါဘူးဗ်ာ။ တစ္ေယာက္တည္း ​ေနခဲ့တုန္းကအေကာင္း သူနဲ႔ေပါင္းကာမွ ကိုယ့္သိကၡာက်ရမယ္ဆိုရင္ ဘယ္သူကဆက္ေပါင္းခ်င္ ပါေတာ့မလဲ။

သေဘာကေတာ့ ႐ိုးရွင္းပါတယ္။ ကိုယ္တကယ္ခ်စ္ရင္ သူ႔ဘဝကိုနားလည္ေပးလိုက္။ နားလည္မေပးႏိုင္ရင္ မခ်စ္နဲ႔ေပါ့။ ဘယ္သူမွခ်စ္ပါလို႔ အတင္းအက်ပ္ မေတာင္းဆိုပါဘူး။ ခ်စ္တတ္ၾကပါေစ။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

တကယ်ချစ်တယ်ဆိုရင် သူမှားနေရင်တောင်မှ လက်ခံ နားလည်ပေးရမှာပဲ။ ချစ်သူ/ရည်းစားရယ်လို့ ဖြစ်လာပြီ ဆိုရင် တစ်ယောက်သိက္ခာကို တစ်ယောက်က ကာကွယ်ပေးရမယ်။ အပုပ်မချသင့်ဘူး။ လူတိုင်းဟာ အတ္တသမားချည်းပဲ။

သူ့အတ္တကိုထိပါးလာတာ လူတိုင်းမကြိုက်ကြဘူး။ ပေါင်းသင်းဆက်ဆံရေးမှာ ဒီအချက်က သိပ်အရေးကြီးတယ်ဆိုပါတော့ ထောင်ကျနေတဲ့လူတွေကို ခင်ဗျားမှားတယ်လို့ သွားပြောရင် ဘာပြန်ပြောမယ်ထင်လဲ။ “တကယ်က ကျွန်တော်လူမှားပြီး

တရားစွဲခံခဲ့ရတာပါ။ တရားသူကြီးက လာဒ်စားလို့ပါ။ ကျွန်တော် ဘုရားမကြိုက်တာ မလုပ်ခဲ့ပါဘူး”ဆိုတဲ့ အဖြေပဲပေးကြလိမ့်မယ်။ လူ၁၀၀ မှာ ၈၀လောက်က ဝန်ခံရဲကြမှာမဟုတ်ဘူး။ ဒါဟာ ဘာလို့လဲဆိုတော့ လူတိုင်းဟာမိမိအတ္တကိုမိမိ

ကာကွယ်ချင်တဲ့စိတ်ရှိလို့ပဲပေါ့။ ချစ်သူ/ရည်းစားအချင်းချင်း ကွယ်ရာမှာတစ်ယောက်ကိုတစ်ယောက် မကောင်းကြောင်းပြောဆိုနေရင် ဒါဟာတကယ်ချစ်တာ မဟုတ်ဘူးလို့ ယူဆလို့ရပါတယ်။ ချစ်နေဆဲအချိန်မှာ မြုံထားကြပေမယ့် ပြဿနာဖြစ်ကြတဲ့အခါ

အချင်းချင်း ငယ်ကျိုးငယ်နာတွေဖော်ကြမယ်ဆိုရင် ဘယ်မှာငြိမ်းအေးမှု ရှိပါတော့မလဲ။ အမှားကင်းတဲ့ လူရယ်လို့ ဒီလောကမှာမရှိဘူး။ သူလည်းမှားသလို ကိုယ်လည်းမှားမှာပဲလေ။ ဒါကိုနားလည် သဘောပေါက်ထားရမယ်။

ကွယ်ရာမှာအချင်းချင်း ဝေဖန်အပုပ်ချနေတဲ့ ချစ်သူ/ရည်းစားတွေက မြဲမယ်လို့ထင်သလား။ မမြဲပါဘူးဗျာ။ တစ်ယောက်တည်း နေခဲ့တုန်းကအကောင်း သူနဲ့ပေါင်းကာမှ ကိုယ့်သိက္ခာကျရမယ်ဆိုရင် ဘယ်သူကဆက်ပေါင်းချင် ပါတော့မလဲ။

သဘောကတော့ ရိုးရှင်းပါတယ်။ ကိုယ်တကယ်ချစ်ရင် သူ့ဘဝကိုနားလည်ပေးလိုက်။ နားလည်မပေးနိုင်ရင် မချစ်နဲ့ပေါ့။ ဘယ်သူမှချစ်ပါလို့ အတင်းအကျပ် မတောင်းဆိုပါဘူး။ ချစ်တတ်ကြပါစေ။ ခရက်ဒစ်