ယူနီကုဒ်ဖြင့် ဖတ်ရန်
မထင်မှတ်ပဲဖြစ်ခဲ့တဲ့ The Voice Myanmar က ကိစ္စကို အပြစ်တင်ဝေဖန်နေကြတဲ့အပေါ် ပြန်လည်ဖြေရှင်းခဲ့တဲ့ ရန်ရန်ချမ်း။ အက်စစ်အဖွဲ့ဆိုတာ မြန်မာပြည်ရဲ့ ဟစ်ဟော့လောကကို ပထမဆုံးအသက်သွင်းခဲ့တဲ့ လူငယ်အဆိုတော်အဖွဲ့ဖြစ်တာကြောင့်
တစ်နိုင်ငံလုံးမှာ မကြားဖူးသူက ခပ်ရှားရှားပါ။ အက်ဆစ်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရန်ရန်ချမ်းဟာလည်း ယခု The Voice Myanmar မှာ Coachတစ်ဦးအဖြစ်ပါဝင်လို့နေတာပါ ပရိသတ်အားပေးမှုအများဆုံးရရှိနေတဲ့ The Voice Myanmar (Season 3) ရဲ့
Blind Audition မှာ ပြိုင်ပွဲဝင်တစ်ဦးဝင်ရောက်ယှဉ်ပြိုင်တဲ့ သီချင်းတစ်ပုဒ်ရဲ့ မူရင်းအဆိုရှင်ကိုမေ့ထားပြီး နောက်မှပြန် ဆိုထားသူ အဆိုတော်ကိုသာ နာမည်တပ်လိုက်တဲ့အတွက် လူပြောများခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး အဆိုတော်ရန်ရန်ချမ်းက အခုလို
ပြန်လည်ဖြေရှင်းလာခဲ့တာပါ “ဖြစ်သွားတဲ့အခိုက်အတန့်က တမင်ဒီလို ပြောလိုက်မယ်ဆိုတဲ့ သဘောလည်းမရှိသလို ဘာမှပြင်ဆင်ထားတာမျိုးမရှိပဲ အကိုတို့ဒီထိုင်နေတဲ့ ၄ ယောကိက တယောက်သယ်သွားရင် တယောက်က Support လုပ်ပေးကြလေ့ရှိတယ်
အဲ့သဘောနဲ့ လုပ်ကြတာဆိုတော့ ဘာမှတော့ အကိုတို့အတွက် ထွေထွေထူးထူး မရှိပါဘူး အားလုံးချစ်ချစ်ခင်ခင်ပါပဲ” လို့ဆိုလာခဲ့တာပါ ဆက်လက်ပြီး ရန်ရန်ချမ်းက ”ဖြစ်သွားတဲ့ကိစ္စအပေါ် ပရိသတ်တွေ မခံနိုင်ဖြစ်ကြတာ သဘာဝကျပါတယ်။
ပရိသတ်တွေကျတော့ သူတို့အားပေးတဲ့အနုပညာရှင်က ဘာမှမဖြစ်ရင်တောင် သူတို့က သည်းမခံနိုင်ကြတာက ထုံးစံပဲဆိုတော့ နားလည်ပါတယ် ကျွန်တော်တို့ကတော့ ဒိုင်တွေအချင်းချင်း ခုထိ ချစ်ချစ်ခင်ခင်ပါပဲ” လို့ ဖြေရှင်းသွားခဲ့တာပါ ပရိသတ်ကြီးရေ
ကိုရန်ရန်ချမ်းကတော့ သူ့အနေနဲ့ Music အသစ်အဆန်းတွေကို ပြိုင်ပွဲဝင်တွေနဲ့တွဲပြီး ချပြ သွားမယ်လို့လည်း ပြောသွားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်း ပြောခဲ့ကြပါအုန်းနော်။ ခရက်ဒစ်