ေတာင္ေပၚမွမိုးေရေတြကို ရြာကလူေတြအသံုးျပဳႏိုင္ေအာင္ ႏွစ္ေပါင္း 30 ၾကာသည္အထိ တူးေျမာင္းႀကီး တူးေဖာ္ခဲ့တဲ့ အဘိုးအို

ေတာင္ေပၚမွမိုးေရေတြကို ရြာကလူေတြအသံုးျပဳႏိုင္ေအာင္ ႏွစ္ေပါင္း 30 ၾကာသည္အထိ တူးေျမာင္းႀကီး တူးေဖာ္ခဲ့တဲ့ အဘိုးအို။ အိႏၵိယႏိုင္ငံ Bihar ျပည္နယ္က ရြာငယ္ေလးတစ္ရြာမွာေနထိုင္ေနလ်က္႐ွိတဲ့ အဘိုးအိုတစ္ဦးဟာ

ရြာအနီးမွာ႐ွိတဲ့ေတာင္ကုန္းေပၚကေန မိုးေရေတြရြာအထိစီးဆင္လာေအာင္ 3km အ႐ွည္႐ွိတဲ့ တူးေျမာင္းႀကီးကို အျခားသူေတြရဲ႕အကူအညီမပါဘဲ ႏွစ္ေပါင္း 30 ၾကာသည္အထိ တစ္ကိုယ္တည္း တူးေဖာ္ခဲ့ပါတယ္။

Laungi Bhuiyan အမည္႐ွိတဲ့ အဘိုးအိုကေတာ့ ‘ရြာထဲက ေရကန္အထိေရေတြေရာက္ဖို႔ ဒီတူးေျမာင္းႀကီးကို ႏွစ္ 30 ေလာက္အခ်ိန္ယူၿပီး တူးခဲ့ရတယ္‘ ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္။ ‘လြန္ခဲ့တဲ့ ႏွစ္ေပါင္း 30ခန္႔က

ကြၽန္ေတာ္ေတာထဲမွာ ကြၽဲႏြားေက်ာင္းရင္း တူးေျမာင္းကို တူးေနခဲ့တာပါ၊ ကြၽန္ေတာ္အားထုတ္ႀကိဳးစားေနခ်ိန္ ဘယ္သူကမွ ဝင္မကူခဲ့ပါဘူး၊ ရြာသားေတြက ေငြ႐ွာဖို႔ၿမိဳ႕တက္ၿပီး အလုပ္လုပ္ၾကတယ္ ကြၽန္ေတာ္ကေတာ့ ရြာမွာပဲ

ေနရစ္ခဲ့ပါတယ္‘ ဆိုၿပီး အဘိုးအိုကေျပာျပခဲ့ပါေသးတယ္။ အခုခ်ိန္မွာေတာ့ တူးေျမာင္းႀကီးကလံုးဝၿပီးဆံုးသြားပါၿပီ။ ရြာသားေတြကလည္း အဘိုးအိုရဲ႕လုပ္ရပ္ဟာ လူေတြအတြက္ဘယ္ေလာက္အေရးပါလဲ ဆိုတာကိုသိ႐ွိသြားခဲ့ပါၿပီ

“မ်ားစြာေသာ တိရစာၦန္ေတြနဲ႔ စိုက္ကြင္းေတြထဲ ေရသြယ္ႏိုင္ခဲ့လို႔ အက်ိဳးေက်းဇူးေတြအမ်ားႀကီးရခဲ့ပါတယ္၊ သူ႔ရဲ႕အက်ိဳးအတြက္မဟုတ္ဘဲ အမ်ားအက်ိဳးအတြက္ သူလုပ္ေပးခဲ့တာပါ” ဆိုၿပီးရြာသားတစ္ဦးက

ေျပာျပခဲ့ပါတယ္၊ အျခားရြာသားတစ္ဦးကလည္း “ဒီကလူေတြအတြက္ အက်ိဳးေက်းဇူးအမ်ားႀကီးရခဲ့ပါတယ္၊ သူ႔ရဲ႕လုပ္ရပ္ေၾကာင့္ အခုဆိုရင္ လူအေတာ္မ်ားမ်ားက သူ႔ကို သိေနၾကပါၿပီ” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္

အခေၾကးေငြမရဘဲ အလုပ္ႀကိဳးစားခဲ့တဲ့အဘိုးအိုကို တစ္စံုတစ္ေယာက္ကသာ ဝင္ကူေပးခဲ့မယ္ဆိုရင္ ဒီေလာက္ႏွစ္ေတြၾကာမွာ မဟုတ္ဘူးဆိုတဲ့ အေတြးေလးေတာ့ စာဖတ္သူတိုင္းခံစားမိသြားမယ္လို႔ ထင္မိပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

တောင်ပေါ်မှမိုးရေတွေကို ရွာကလူတွေအသုံးပြုနိုင်အောင် နှစ်ပေါင်း 30 ကြာသည်အထိ တူးမြောင်းကြီး တူးဖော်ခဲ့တဲ့ အဘိုးအို။ အိန္ဒိယနိုင်ငံ Bihar ပြည်နယ်က ရွာငယ်လေးတစ်ရွာမှာနေထိုင်နေလျက်ရှိတဲ့ အဘိုးအိုတစ်ဦးဟာ

ရွာအနီးမှာရှိတဲ့တောင်ကုန်းပေါ်ကနေ မိုးရေတွေရွာအထိစီးဆင်လာအောင် 3km အရှည်ရှိတဲ့ တူးမြောင်းကြီးကို အခြားသူတွေရဲ့အကူအညီမပါဘဲ နှစ်ပေါင်း 30 ကြာသည်အထိ တစ်ကိုယ်တည်း တူးဖော်ခဲ့ပါတယ်။

Laungi Bhuiyan အမည်ရှိတဲ့ အဘိုးအိုကတော့ ‘ရွာထဲက ရေကန်အထိရေတွေရောက်ဖို့ ဒီတူးမြောင်းကြီးကို နှစ် 30 လောက်အချိန်ယူပြီး တူးခဲ့ရတယ်‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ်။ ‘လွန်ခဲ့တဲ့ နှစ်ပေါင်း 30ခန့်က

ကျွန်တော်တောထဲမှာ ကျွဲနွားကျောင်းရင်း တူးမြောင်းကို တူးနေခဲ့တာပါ၊ ကျွန်တော်အားထုတ်ကြိုးစားနေချိန် ဘယ်သူကမှ ဝင်မကူခဲ့ပါဘူး၊ ရွာသားတွေက ငွေရှာဖို့မြို့တက်ပြီး အလုပ်လုပ်ကြတယ် ကျွန်တော်ကတော့ ရွာမှာပဲ

နေရစ်ခဲ့ပါတယ်‘ ဆိုပြီး အဘိုးအိုကပြောပြခဲ့ပါသေးတယ်။ အခုချိန်မှာတော့ တူးမြောင်းကြီးကလုံးဝပြီးဆုံးသွားပါပြီ။ ရွာသားတွေကလည်း အဘိုးအိုရဲ့လုပ်ရပ်ဟာ လူတွေအတွက်ဘယ်လောက်အရေးပါလဲ ဆိုတာကိုသိရှိသွားခဲ့ပါပြီ

“များစွာသော တိရစ္ဆာန်တွေနဲ့ စိုက်ကွင်းတွေထဲ ရေသွယ်နိုင်ခဲ့လို့ အကျိုးကျေးဇူးတွေအများကြီးရခဲ့ပါတယ်၊ သူ့ရဲ့အကျိုးအတွက်မဟုတ်ဘဲ အများအကျိုးအတွက် သူလုပ်ပေးခဲ့တာပါ” ဆိုပြီးရွာသားတစ်ဦးက

ပြောပြခဲ့ပါတယ်၊ အခြားရွာသားတစ်ဦးကလည်း “ဒီကလူတွေအတွက် အကျိုးကျေးဇူးအများကြီးရခဲ့ပါတယ်၊ သူ့ရဲ့လုပ်ရပ်ကြောင့် အခုဆိုရင် လူအတော်များများက သူ့ကို သိနေကြပါပြီ” ဆိုပြီး ပြောကြားခဲ့ပါတယ်

အခကြေးငွေမရဘဲ အလုပ်ကြိုးစားခဲ့တဲ့အဘိုးအိုကို တစ်စုံတစ်ယောက်ကသာ ဝင်ကူပေးခဲ့မယ်ဆိုရင် ဒီလောက်နှစ်တွေကြာမှာ မဟုတ်ဘူးဆိုတဲ့ အတွေးလေးတော့ စာဖတ်သူတိုင်းခံစားမိသွားမယ်လို့ ထင်မိပါတယ်။ ခရက်ဒစ်