ယူနီကုဒ်ဖြင့် ဖတ်ရန်
တစ်ယောက်တည်း အထီးကျန်တဲ့အချိန်တွေမှာ ခွေးလေး၊ ကြောင်လေးတွေကို အဖော်ပြုပြီး ဖြတ်သန်းနေတဲ့ ထက်ထက်မိုးဦး။ မင်းသမီးချော ထက်ထက်မိုးဦးကတော့ နာမည်တစ်လုံးနဲ့ အနုပညာလောကမှာ ယနေ့ထက်တိုင်
အောင်အောင်မြင်မြင် ရပ်တည်နေဆဲဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အရင်ကလောက် အနုပညာအလုပ်တွေ မလုပ်ကိုင်ဖြစ်တော့ပေမယ့်
သူမကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် အလုပ်တွေကို ကြိုးစားပန်းစားလုပ်ကိုင်နေလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း ထက်ထက်မိုးဦးဆိုတဲ့ မင်းသမီးလေးကို ဘယ်လောက်အသက်အရွယ်တွေပြောင်းပြောင်း
မပြောင်းလဲပဲ ချစ်နေကြဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းကပဲ တစ်ဦးတည်းသော ဖခင်ကြီးကို ဆုံးရှုံးသွားခဲ့ရတဲ့ ထက်ထက်မိုးဦးက လက်ရှိမှာတော့ သူမရဲ့ အထီးကျန်တဲ့အချိန်တွေကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။
ပုံမှန်အတိုင်း အလုပ်တွေကို လုပ်ကိုင်နေပေမယ့် တစ်ယောက်တည်းရှိနေချိန်မှာတော့ ခွေးလေး ကြောင်လေးတွေကိုအဖော်ပြုပြီး ဖြတ်သန်းနေတဲ့ ထက်ထက်မိုးဦးရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်
မျှဝေပေးလိုက်ပါတယ်နော်၊ ထက်ထက်မိုးဦးကတော့ သူမရဲ့ဘဝထဲက ထွက်ခွာသွားတဲ့ ဖခင်ကြီးကို ဒီနေ့ဒီအချိန်ထိ သတိရနေဦးမှာ သေချာပါတယ်။ ထက်ထက်တစ်ယောက် မကြာခင်အချိန်မှာတော့ စိတ်သက်သာရာရပြီး
ဒီထက်မက အနုပညာအလုပ်တွေကို လုပ်ကိုင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်