Stay home ကာလမှာ ချစ်စရာသားသားမြတ်သူနဲ့ အတူတူ​ဆော့နေတဲ့ ဖေဖေမြင့်မြတ် (ရုပ်သံ)
ယူနီကုဒ်ဖြင့် ဖတ်ရန်
နာမည်ကြီး မင်းသားဖြစ်သူ မြင့်မြတ်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ မြင့်မြတ်ကတော့ သဘာဝကျတဲ့ဇာတ်ရုပ်တွေကို ပီပြင်အောင်
သရုပ်ဆောင်နိုင်ပြီး ပကာသန၊ ဟိတ်ဟန်တွေမရှိတဲ့ သူ့ရဲ့ပုံစံတွေကြောင့် ပရိသတ်တွေရဲ့ နှစ်ကြိုက်အားပေးမှုတွေကို အပြည့်အဝ ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ မြင့်မြတ်ကတော့ ဇနီးချောနဲ့ သားချောလေးကို ပိုင်ဆိုင်ထားပြီး
ပျော်ရွှင်အေးချမ်းစွာ နေ့ရက်တိုင်းကို ဖြတ်သန်းနေသူပါ။ လိုအပ်နေတဲ့သူတွေအတွက် အကူအညီပေးဖို့ အမြဲအဆင်သင့်ဖြစ်နေပြီး ရှုတင်ရှိလည်း သားနဲ့ဇနီးကို အမြဲအနားမှာထားသူပါ။ ဒီနေ့ စက်တင်ဘာလ (၁၃)ရက်နေ့မှာလည်း
ချစ်စရာကောင်းတဲ့ သားချောမြတ်သူနဲ့အတူတူ ဆော့ကစားပေးနေတဲ့ ပုံလေးတွေကို မြင့်မြတ်ရဲ့မန်နေဂျာအကောင့်ကနေ “ပါးပါး သားသား” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ တစ်နေ့တစ်ခြား အဖေဖြစ်သူ
မြင့်မြတ်ရဲ့ အနုပညာသွေးပါတယ်လို့ ဆိုရလောက်အောင် ဓာတ်ပုံရိုက်ရင် အိုက်တင်မျိုးစုံပေးတတ်သူ မြတ်သူလေးကလည်း ပရိသတ်တွေရဲ့အသည်းကျော် ကလေးလေးတစ်ယောက်ပါပဲနော်။ ပရိသတ်ကြီးအတွက်လည်း မြင့်မြတ်တို့
သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ