ပရိသတ္ေတြရဲ႕ ဆႏၵအရ ႏွစ္ေယာက္ေပါင္းၿပီး သီခ်င္းတစ္ပုဒ္လုပ္မယ္ဆိုတဲ့ ၿဖိဳးႀကီးနဲ႔ ၿဖိဳးေလး

Snare အဖြဲ႕ရဲ႕ အဆိုေတာ္ျဖစ္တဲ့ ၿဖိဳးေလးကေတာ့ လူငယ္ေတြအႀကိဳက္ သီခ်င္းေကာင္းေတြကို သီဆိုႏိုင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ Rap သီခ်င္းေတြနဲ႔ ပရိသတ္ေတြကို လႊမ္းမိုးႏိုင္ခဲ့တဲ့ ၿဖိဳးေလးကေတာ့ Snare အဖြဲ႕နဲ႔သာမကပဲ သူတစ္ေယာက္တည္းအေနနဲ႔လည္း

Solo Song ေတြကို ထြက္ရွိခဲ့တာပဲျဖစ္ပါတယ္။ ၿဖိဳးေလးက ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း သူ႔ရဲ႕တစ္ကိုယ္ေတာ္သီခ်င္းျဖစ္တဲ့ “လြမ္း”ကို MV နဲ႔တကြ ပရိသတ္ေတြလက္ထဲ ထည့္ေပးႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ သီခ်င္းသစ္ေတြကို အၿမဲတမ္းဖန္တီးေလ့ရွိတဲ့ ျဖိဳးေလးက

ဒီကေန႔မွာလည္း အဆိုေတာ္ျဖိဳးႀကီးနဲ႔ အတူတူ႐ိုက္ထားတဲ့ အမွတ္တရဓာတ္ပုံေလးကိုမွ်ေဝရင္း “ၿဖိဳးေလး နဲ႔ ၿဖိဳးႀကီး သီခ်င္းတစ္ပုဒ္လုပ္ရင္ေကာင္းမလား” ဆိုၿပီး ေမးခြန္းထုတ္ထားပါတယ္။ ပရိသတ္ေတြကေတာ့ ၿဖိဳးႀကီးနဲ႔ ၿဖိဳးေလးကို သီခ်င္းအတူတူလုပ္ဖို႔

ဆႏၵရွိေနတာေၾကာင့္ ၿဖိဳးေလးက “အကိုေရ လုပ္ခိုင္းေနၾကၿပီ”လို႔ေျပာခဲ့ၿပီး ၿဖိဳးႀကီးကလည္း “ခ်မယ္ကြာ” ဆိုျပီး ျပန္လည္ေျပာဆိုခဲ့ပါတယ္။ ျဖိဳးေလးနဲ့ ျဖိဳးၾကီးတို့ကေတာ့ ပရိသတ္ေတြရဲ႕ဆႏၵအရ ႏွစ္ေယာက္ေပါင္းၿပီး သီခ်င္းတစ္ပုဒ္လုပ္ဖို့ စဥ္းစားခဲ့ျပီပဲျဖစ္ပါတယ္။

ပရိသတ္ၾကီးလည္း ျဖိဳးၾကီးနဲ့ ျဖိဳးေလးတို့ရဲ့ သီခ်င္းေလး တကယ္မ်ားထြက္ရိွလာမလားလို့ ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

Snare အဖွဲ့ရဲ့ အဆိုတော်ဖြစ်တဲ့ ဖြိုးလေးကတော့ လူငယ်တွေအကြိုက် သီချင်းကောင်းတွေကို သီဆိုနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Rap သီချင်းတွေနဲ့ ပရိသတ်တွေကို လွှမ်းမိုးနိုင်ခဲ့တဲ့ ဖြိုးလေးကတော့ Snare အဖွဲ့နဲ့သာမကပဲ သူတစ်ယောက်တည်းအနေနဲ့လည်း

Solo Song တွေကို ထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ဖြိုးလေးက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သူ့ရဲ့တစ်ကိုယ်တော်သီချင်းဖြစ်တဲ့ “လွမ်း”ကို MV နဲ့တကွ ပရိသတ်တွေလက်ထဲ ထည့်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သီချင်းသစ်တွေကို အမြဲတမ်းဖန်တီးလေ့ရှိတဲ့ ဖြိုးလေးက

ဒီကနေ့မှာလည်း အဆိုတော်ဖြိုးကြီးနဲ့ အတူတူရိုက်ထားတဲ့ အမှတ်တရဓာတ်ပုံလေးကိုမျှဝေရင်း “ဖြိုးလေး နဲ့ ဖြိုးကြီး သီချင်းတစ်ပုဒ်လုပ်ရင်ကောင်းမလား” ဆိုပြီး မေးခွန်းထုတ်ထားပါတယ်။ ပရိသတ်တွေကတော့ ဖြိုးကြီးနဲ့ ဖြိုးလေးကို သီချင်းအတူတူလုပ်ဖို့

ဆန္ဒရှိနေတာကြောင့် ဖြိုးလေးက “အကိုရေ လုပ်ခိုင်းနေကြပြီ”လို့ပြောခဲ့ပြီး ဖြိုးကြီးကလည်း “ချမယ်ကွာ” ဆိုပြီး ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဖြိုးလေးနဲ့ ဖြိုးကြီးတို့ကတော့ ပရိသတ်တွေရဲ့ဆန္ဒအရ နှစ်ယောက်ပေါင်းပြီး သီချင်းတစ်ပုဒ်လုပ်ဖို့ စဉ်းစားခဲ့ပြီပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဖြိုးကြီးနဲ့ ဖြိုးလေးတို့ရဲ့ သီချင်းလေး တကယ်များထွက်ရှိလာမလားလို့ စောင့်မျှော်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်