ယူနီကုဒ်ဖြင့် ဖတ်ရန်
The Voice Myanmar ပြိုင်ပွဲဝင် ခင်ရတနာစိုးကို သတိပေးစကားတစ်ခွန်း ပြောဆိုလိုက်တဲ့ မြန်မာအိုင်ဒေါက ထက်အဉ္စလီ။ မွန်ပြည်နယ် ရေဘေးအလှူခံစဉ်ကတည်းက
သီချင်းဆိုကောင်းတဲ့အတွက် ပရိသတ်အားပေးမှုခံခဲ့ရတဲ့ ခင်ရတနာစိုးကတော့ အခုအချိန်မှာ The Voice Myanmar ပြိုင်ပွဲကြီးရဲ့ Blind Audition အဆင့်ကို
အောင်မြင်သွားပြီပဲဖြစ်ပါတယ်၊ခင်ရတနာစိုးနဲ့ Myanmar Idol ပြိုင်ပွဲမတိုင်ခင် ကလေးသီချင်းဆိုပြိုင်ပွဲကတည်းက ဆုံခဲ့ဖူးတဲ့ Myanmar Idol အဆိုရှင် ထက်အဉ္ဇလီကတော့
သူငယ်ချင်းအတွက် သတိပေးစကားလေးတစ်ခွန်းဆိုလာခဲ့ပါတယ်။ မြန်မာသံရော၊ စတူဒီယိုသံရော ပိုင်တဲ့ အရမ်းတော်တဲ့သူငယ်ချင်းအတွက် ထက်အဉ္ဇလီကတော့
“သူငယ်ချင်းကို အရမ်းစိတ်မလှုပ်ရှားပါနဲ့ သီချင်းရွေးမမှားပါနဲ့ ထက်ကိုယ်တိုင်လည်း စင်ပေါ်တတ်ခါနီး စိတ်လှုပ်ရှားလို့ အကောင်းဆုံးမချပြနိုင်တဲ့အတွက်
နောင်တရသလို သူ့ကိုမဖြစ်စေချင်ဘူး” လို့ အကြံပေး အားပေးခဲ့ပါတယ်။ ထက်အဉ္ဇလီကတော့ “သူကအရမ်းတော်တဲ့ သူတစ်ယောက်ပါ၊ အနုပညာကို
အရမ်းရူးသွပ်တဲ့သူ့ကို အောင်မြင်စေချင်တယ်” လို့ပြောပြခဲ့ပြီး သူ့ထက်အများကြီးတော်တဲ့ သူငယ်ချင်းကို အများကြီးလုပ်နိုင်ပါစေလို ဆုတောင်းပေးသွားပါတယ်။ ခရက်ဒစ်