စက္ဘီးအခိုးခံရသည့္ရန္မွကာကြယ္ရန္ ငွက္ေခ်းပုံစတစ္ကာကိုတီထြင္ခဲ့တဲ့ ဂ်ပန္နိုင္ငံကအမ်ိဳးသား

စက္ဘီးအခိုးခံရသည့္ရန္မွကာကြယ္ရန္ ငွက္ေခ်းပုံစတစ္ကာကိုတီထြင္ခဲ့တဲ့ ဂ်ပန္နိုင္ငံကအမ်ိဳးသား။ ဂ်ပန္လူမ်ိဳးတစ္ေယာက္ျဖစ္တဲ့ Motoki Reoga ဆိုသူဟာ စက္ဘီးအခိုးမခံရေစရန္ ငွက္ေခ်းပုံစတစ္ကို တီထြင္ထုတ္လုပ္ခဲ့ပါတယ္။

Motoki ကိုယ္တိုင္ေလ့လာခ်က္မ်ားအရ ၂၀၁၈ ခုႏွစ္မွာ စက္ဘီးအစီးေပါင္း ၃၅၃၉၅ စီးဟာ အခိုးခံခဲ့ရပါတယ္။ ထိုအေရအတြက္ဟာ (၁၅)မိနစ္တိုင္းမွာ စက္ဘီးတစ္စီး အခိုးခံရတဲ့အေရအတြက္နဲ႔ ညီမွ်ပါတယ္။

အခိုးခံခဲ့တဲ့ စက္ဘီးမ်ားထဲမွ (၄၂)ရာခိုင္ႏႈန္းေသာ စက္ဘီးမ်ားဟာ ေသာ့ခတ္ထားေၾကာင္း ေလ့လာေတြ႕ရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း Motoki ဟာ ငွက္ေခ်းပုံစံစတစ္ကာကိုတီထြင္ဖို႔ စိတ္ကူးရခဲ့တာ ျဖစ္ပါတယ္။

ေမာ္ေတာ္ဆိုင္ကယ္ေတြမွာလည္း အသုံးျပဳနိုင္ပါတယ္။ Motoki ရဲ႕လက္ေတြ႕စမ္းသပ္ခ်က္တစ္ခုမွာေတာ့ စက္ဘီးအစီးေရ (၁၀၀၀)ကို ငွက္ေခ်းပုံစတစ္ကာကပ္ၿပီး စက္ဘီးစတန္းေတြမွာ (၅)ရက္အၾကာေသာ့မခတ္ဘဲ ထားၾကည့္တဲ့အခါ

ထို(၅)ရက္အတြင္း ငွက္ေခ်းပုံစတစ္ကာကပ္ထားတဲ့ စက္ဘီးအစီးေရ(၁၀၀၀)လုံးဟာ အခိုးမခံခဲ့ရဘဲ သူ႔ရဲ႕စိတ္ကူးအႀကံဉာဏ္ဟာ အလုပ္ျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္၊ သူဟာ ငွက္ေခ်းပုံစက္ဘီးဖင္ထိုင္ခုံအစြပ္ကိုလည္း ထုတ္လုပ္ထားပါေသးတယ္။

သူတီထြင္ထားတဲ့ပစၥည္းေတြကို ဂ်ပန္နိုင္ငံက crowdfunding site တစ္ခုျဖစ္တဲ့ Makuake မွာ တင္ၾကည့္တဲ့အခါ သူမွန္းထားခဲ့တဲ့ ေဒၚလာ ၁၈၀၀ ကိုေက်ာ္လြန္ၿပီး ေဒၚလာ ၄၀၀၀ ေက်ာ္အထိ သူ႕ကိုအမ်ားကအားေပးခဲ့ၾကပါတယ္။

သူ႕ရဲ႕ငွက္ေခ်းပုံစတစ္ကာ(၃)ခုကို (၁၃.၄၆)ေဒၚလာနဲ႔ ေရာင္းခ်ၿပီး ထိုင္ခုံအစြပ္ကိုေတာ့ (၃၇.၂၆)ေဒၚလာနဲ႔ ဝယ္ယူရရွိနိုင္ပါတယ္။ Makuake ဆိုတဲ့ ဝက္ပ္ဆိုဒ္မွာေတာ့ သူ႕ရဲ႕ပစၥည္းေတြကို discount နဲ႔ဝယ္ယူနိုင္ပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

စက်ဘီးအခိုးခံရသည့်ရန်မှကာကွယ်ရန် ငှက်ချေးပုံစတစ်ကာကိုတီထွင်ခဲ့တဲ့ ဂျပန်နိုင်ငံကအမျိုးသား။ ဂျပန်လူမျိုးတစ်ယောက်ဖြစ်တဲ့ Motoki Reoga ဆိုသူဟာ စက်ဘီးအခိုးမခံရစေရန် ငှက်ချေးပုံစတစ်ကို တီထွင်ထုတ်လုပ်ခဲ့ပါတယ်။

Motoki ကိုယ်တိုင်လေ့လာချက်များအရ ၂၀၁၈ ခုနှစ်မှာ စက်ဘီးအစီးပေါင်း ၃၅၃၉၅ စီးဟာ အခိုးခံခဲ့ရပါတယ်။ ထိုအရေအတွက်ဟာ (၁၅)မိနစ်တိုင်းမှာ စက်ဘီးတစ်စီး အခိုးခံရတဲ့အရေအတွက်နဲ့ ညီမျှပါတယ်။

အခိုးခံခဲ့တဲ့ စက်ဘီးများထဲမှ (၄၂)ရာခိုင်နှုန်းသော စက်ဘီးများဟာ သော့ခတ်ထားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း Motoki ဟာ ငှက်ချေးပုံစံစတစ်ကာကိုတီထွင်ဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။

မော်တော်ဆိုင်ကယ်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ Motoki ရဲ့လက်တွေ့စမ်းသပ်ချက်တစ်ခုမှာတော့ စက်ဘီးအစီးရေ (၁၀၀၀)ကို ငှက်ချေးပုံစတစ်ကာကပ်ပြီး စက်ဘီးစတန်းတွေမှာ (၅)ရက်အကြာသော့မခတ်ဘဲ ထားကြည့်တဲ့အခါ

ထို(၅)ရက်အတွင်း ငှက်ချေးပုံစတစ်ကာကပ်ထားတဲ့ စက်ဘီးအစီးရေ(၁၀၀၀)လုံးဟာ အခိုးမခံခဲ့ရဘဲ သူ့ရဲ့စိတ်ကူးအကြံဉာဏ်ဟာ အလုပ်ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်၊ သူဟာ ငှက်ချေးပုံစက်ဘီးဖင်ထိုင်ခုံအစွပ်ကိုလည်း ထုတ်လုပ်ထားပါသေးတယ်။

သူတီထွင်ထားတဲ့ပစ္စည်းတွေကို ဂျပန်နိုင်ငံက crowdfunding site တစ်ခုဖြစ်တဲ့ Makuake မှာ တင်ကြည့်တဲ့အခါ သူမှန်းထားခဲ့တဲ့ ဒေါ်လာ ၁၈၀၀ ကိုကျော်လွန်ပြီး ဒေါ်လာ ၄၀၀၀ ကျော်အထိ သူ့ကိုအများကအားပေးခဲ့ကြပါတယ်။

သူ့ရဲ့ငှက်ချေးပုံစတစ်ကာ(၃)ခုကို (၁၃.၄၆)ဒေါ်လာနဲ့ ရောင်းချပြီး ထိုင်ခုံအစွပ်ကိုတော့ (၃၇.၂၆)ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ Makuake ဆိုတဲ့ ဝက်ပ်ဆိုဒ်မှာတော့ သူ့ရဲ့ပစ္စည်းတွေကို discount နဲ့ဝယ်ယူနိုင်ပါတယ်။ ခရက်ဒစ်