“က်ေနာ္ မလိမ္ပါဘူးဗ်ာ ကူညီပါဦး” လို႔ ဖုန္းဆက္လာတဲ႔ ေမွ်ာ္လင့္ခ်က္မဲ႔ေနတဲ႔ ဖခင္တစ္ေယာက္ႏွင့္ ကေလး (၃) ေယာက္ရဲ႔အျဖစ္

ဖုန္းဝင္လာတယ္။ ” အစ္ကို စားေသာက္ေရး အရမ္းခက္ခဲေနလို႔ ကူညီပါ ကြၽန္ေတာ္ မလိမ္ပါဘူး” တဲ့။ အဖြဲ႕က ေရွ႕ေျပး စိစစ္ေရးမႉး ကိုေဝႀကီးက သြားစစ္တယ္။

ဖုန္းေတြ လိမ္ဆက္ၿပီး အကူအညီေတာင္းမႈေတြ ေၾကာင့္ ဟုတ္မဟုတ္ကို ေရွ႕ေျပးသြားၿပီးစစ္တဲ့ ပုံစံနဲ႕ အခုေနာက္ပိုင္း ကူညီျဖစ္တယ္။ ဒါေၾကာင့္ ဒီအစ္ကို

အိမ္ကို ‌ဟုတ္မဟုတ္ သြားစစ္တဲ့အခါ အသက္က ၃၉ ႏွစ္၊ ကေလး သုံးေယာက္ ရွိတယ္။ ဥကင္ဆာ ေရာဂါကို ခံစားေနရတဲ့အျပင္ ေဆးဖိုးက တစ္ရက္ကို

၇ ေထာင္ ၁၀ ရက္ကို ၇ေသာင္း ကုန္တယ္တဲ့။ အလုပ္အကိုင္က ပန္းရံ။ ေဆးဖိုး ဘယ္က ရလဲဆိုေတာ့ ဝယ္‌မေသာက္ေတာ့တာၾကာၿပီတဲ့။ ရန္ကုန္ေဆး႐ုံႀကီးက

ေျပာတယ္။ ေပးတဲ့ေဆးေတြ ပုံမွန္ေသာက္ရင္ေတာင္ ဘုရားေပးသေလာက္ပဲ ေနရမယ္တဲ့။ ပြင့္ပြင့္လင္းလင္း ေျပာရမယ္ဆိုရင္ ေသမယ့္ေန႕ကို ထိုင္ေစာင့္

ေနတယ္လို႔ ေျပာခ်င္‌ေပမယ့္ ကေလးေတြ ေရွ႕မွာမို႔ ထင္ပါရဲ႕။ သူမရွိေတာ့ရင္ လူ႕ေလာကမွာ ဆက္အသက္ရွင္ က်န္ရစ္မယ့္ သူ႕ ရင္ေသြးေတြရဲ႕ အနာဂတ္

အတြက္ သူ႕ကင္ဆာေဝဒနာထက္ အဲ့ဒီအေတြးေတြက ပိုနာက်င္ေနမယ္ ထင္ပါရဲ႕။ ထို႔ေနာက္အခန္းက်ဥ္း‌ေလးထဲမွာ ေခါင္းေလးၿငိမ့္ၿပီး ကြၽန္ေတာ့္ကို ေျပာတယ္။

အစ္ကိုရယ္ ကြၽန္ေတာ္ မလိမ္ပါဘူးတဲ့။ မင္းရသ လူမႈကူညီေရး ပရဟိတ အဖြဲ႕။ 09448546852။ 25 ရက္ေန႕ အဲ့ဒီအစ္ကို႔ အိမ္ကို သြားကူညီပါ့မယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဖုန်းဝင်လာတယ်။ ” အစ်ကို စားသောက်ရေး အရမ်းခက်ခဲနေလို့ ကူညီပါ ကျွန်တော် မလိမ်ပါဘူး” တဲ့။ အဖွဲ့က ရှေ့ပြေး စိစစ်ရေးမှူး ကိုဝေကြီးက သွားစစ်တယ်။

ဖုန်းတွေ လိမ်ဆက်ပြီး အကူအညီတောင်းမှုတွေ ကြောင့် ဟုတ်မဟုတ်ကို ရှေ့ပြေးသွားပြီးစစ်တဲ့ ပုံစံနဲ့ အခုနောက်ပိုင်း ကူညီဖြစ်တယ်။ ဒါကြောင့် ဒီအစ်ကို

အိမ်ကို ‌ဟုတ်မဟုတ် သွားစစ်တဲ့အခါ အသက်က ၃၉ နှစ်၊ ကလေး သုံးယောက် ရှိတယ်။ ဥကင်ဆာ ရောဂါကို ခံစားနေရတဲ့အပြင် ဆေးဖိုးက တစ်ရက်ကို

၇ ထောင် ၁၀ ရက်ကို ၇သောင်း ကုန်တယ်တဲ့။ အလုပ်အကိုင်က ပန်းရံ။ ဆေးဖိုး ဘယ်က ရလဲဆိုတော့ ဝယ်‌မသောက်တော့တာကြာပြီတဲ့။ ရန်ကုန်ဆေးရုံကြီးက

ပြောတယ်။ ပေးတဲ့ဆေးတွေ ပုံမှန်သောက်ရင်တောင် ဘုရားပေးသလောက်ပဲ နေရမယ်တဲ့။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် သေမယ့်နေ့ကို ထိုင်စောင့်

နေတယ်လို့ ပြောချင်‌ပေမယ့် ကလေးတွေ ရှေ့မှာမို့ ထင်ပါရဲ့။ သူမရှိတော့ရင် လူ့လောကမှာ ဆက်အသက်ရှင် ကျန်ရစ်မယ့် သူ့ ရင်သွေးတွေရဲ့ အနာဂတ်

အတွက် သူ့ကင်ဆာဝေဒနာထက် အဲ့ဒီအတွေးတွေက ပိုနာကျင်နေမယ် ထင်ပါရဲ့။ ထို့နောက်အခန်းကျဉ်း‌လေးထဲမှာ ခေါင်းလေးငြိမ့်ပြီး ကျွန်တော့်ကို ပြောတယ်။

အစ်ကိုရယ် ကျွန်တော် မလိမ်ပါဘူးတဲ့။ မင်းရသ လူမှုကူညီရေး ပရဟိတ အဖွဲ့။ 09448546852။ 25 ရက်နေ့ အဲ့ဒီအစ်ကို့ အိမ်ကို သွားကူညီပါ့မယ်။ ခရက်ဒစ်