အမ်ိဳးသမီးေတြ လစဥ္ Menstruation ျဖစ္တဲ့အခါ စိတ္ပိုင္းဆိုင္ရာေရာ႐ုပ္ပိုင္းဆိုင္ရာပါ အားနည္းထိခိုက္လြယ္တတ္တာဟာ

အမ်ိဳးသမီးေတြ လစဥ္ Menstruation ျဖစ္တဲ့အခါ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာပါ အားနည္းထိခိုက္လြယ္တတ္တာ သဘာဝပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလိုမ်ိဳးအခ်ိန္မွာ ကိုယ့္ကိုကိုယ္ နားလည္ၿပီး ႏွစ္သိမ့္ဂ႐ုစိုက္တတ္ဖို႔ အေရးႀကီးပါတယ္။

ကိုယ့္ပတ္ဝန္းက်င္က ရင္းႏွီးတဲ့ လူေတြကိုလည္း ကိုယ့္ရဲ့ ေနမေကာင္းျဖစ္ေနခ်ိန္ စိတ္အခန္႔မသင့္ျဖစ္တတ္တဲ့အေၾကာင္းေလးေတြကို ထုတ္ေဖာ္ေျပာျပထားၿပီး နားလည္ေပးဖို့ ေတာင္းဆိုထားသင့္ပါတယ္။ ပထမဆုံး ကိုယ့္အတြက္ကိုယ္ ဂ႐ုစိုက္ေနာ္၊

၁။ ေပါ့ပါးေခ်ာင္ခ်ိတဲ့ အဝတ္ေလးေတြ၊ သက္ေသာင့္သက္သာျဖစ္ေစတဲ့ အဝတ္အစားေတြကို ေႏြးေထြးလုံျခဳံစြာ ဝတ္ဆင္သင့္ပါတယ္။ ၂။ အတြင္းခံ ​ေဘာင္းဘီကိုလည္းတင္းၾကပ္လြန္းတာ၊ ေလ်ာ့တြဲေခ်ာင္က်လြန္းတာေတြကိုမဝတ္သင့္ပါဘူး။

၃။ ပုံမွန္ထက္ ပိုရွည္ၿပီး ႏူးညံ့တဲ့ pad မ်ိဳးကို သုံစြဲသင့္ပါတယ္။ wings ပါတဲ့ night use အရွည္ pad ေတြကိုလည္း ေန႔ဘက္မွာသုံးစြဲျခင္းျဖင့္ သက္ေတာင့္သက္သာ ျဖစ္ေစတဲ့ အျပင္ ျပင္ပသို့အလြယ္တကူ စြန္းထင္းျခင္းကိုသက္သာေစပါတယ္။

၄။ Pad ကို ေလးနာရီျခားတစ္ခါ လဲလွယ္သင့္ပါတယ္။ ၅။ ကိုက္ခဲတဲ့အခါ လၽွပ္စစ္ ေရေႏြးအိတ္ သုံးစြဲတာမ်ိဳး ေရေႏြးပူပူေလးမွုတ္ေသာက္တာမ်ိဳး လုပ္ေပးျခင္းျဖင့္ သက္သာေစနိုင္ပါတယ္။ ၆။ ဝမ္းမခ်ဳပ္ေအာင္ဂ႐ုျပဳသင့္ပါတယ္။ ၇။ ကိုယ္ႀကိဳက္တဲ့အစားအစာေလးေတြ ဝယ္စားလိုက္ပါ။

(ခ်စ္သူေတြအေနနဲ႔လည္း ကိုယ့္ေကာင္မေလးရဲ့ Period time ကို သတိထား ဂ႐ုျပဳၿပီး နားလည္ေပးသင့္ပါတယ္) မိန္းကေလးေတြက သူတို့ရဲ့ menstrual cycle အတြင္းမွာ ရစ္လြန္းတာ ထိခိုက္လြယ္တာ စိတ္အလိုမက်တာ ရန္လုပ္တာ

စိတ္ေကာက္တာ အခ်စ္ပိုလြန္းတာမ်ိဳးေတြျဖစ္ေလ့ရွိပါတယ္။ အဲဒီအခ်ိန္ေရာက္လာလို့ သူတိုနဲ႔ ၿပိဳင္ၿပီး ေဒါသလိုက္ထြက္ ရန္ဖက္ျဖစ္ရင္ အေျခအေနကပိုဆိုးသြားနိုင္ပါတယ္။ Tips ေလးအေနနဲ႔ Babe ေလး period time ေရာက္လို့ စိတ္ေဖာက္ေနၿပီမလား

hot pot လိုက္ေကၽြးမယ္ေနာ္ ဝမ္းမနည္းနဲ႔ေတာ့လို႔ ေျပာၾကည့္ပါ၊ ပန္းေလးတစ္ပြင့္ေလာက္ပဲ ျဖစ္ျဖစ္ေပးၾကည့္လိုက္ပါ၊ Dark chocolate ေလးဝယ္ေကၽြးလိုက္ပါ၊ သူ႔ကို သြားေတြ႕ၿပီး ပိုဂ႐ုစိုက္ေပးၾကည့္ပါ။ ဒီအခ်ိန္မွာ သူတို့လိုအပ္တာက

ပစ္ထားတာမဟုတ္ပါဘူး၊ ေဟာ္မုန္း (Hormone) ေတြေၾကာင့္ သူတို႔စိတ္ေတြ ကေယာက္ကယက္ ျဖစ္ေနတဲ့အခါမွာ သူတို့ကို ရင့္ရင့္သီးသီး ရန္ျပန္ျဖစ္တာမ်ိဳးမလုပ္​ေစခ်င္တာပါ။ မိသားစုေတြအေနနဲ႔လည္း ငါ့သမီး ေနမေကာင္းျဖစ္ေနၿပီ

ပတ္ၿပီး ျပသနာရွာ ေဒါသထြက္ ဝမ္းနည္းေတာ့မယ္ ၾကည့္ေရွာင္မွ ဆိုၿပီး ေနသင့္ပါတယ္ အာဟာရရွိတဲ့အစားအစာေတြ ေကၽြးသင့္ပါတယ္။ ဟင္းႏုႏြယ္ ကဲ့သို့ ေသြးအားေကာင္းၿပီး သံဓာတ္ပါတဲ့အစားအစာမ်ိဳးေတြ ေကၽြးသင့္ပါတယ္။

ကိုယ္ခ်စ္ရတဲ့သူပဲေလေနာ္၊ ဂ႐ုစိုက္ေပးလိုက္ပါ၊ နားလည္ေပးလိုက္ပါ။ (Period pain ဆိုတာ ခံစားရခက္လြန္းမွန္း မိန္းကေလးေတြပဲ နားလည္ပါတယ္) ဘယ္သူမွ ဂ႐ုစိုက္ဘူးဆိုရင္ေတာင္ ကိုယ့္အတြက္ကိုယ္ ဂ႐ုစိုက္ေပးေနာ္။

ႏွုတ္ခမ္းနီေလး ကိုယ့္ကိုကိုယ္ဝယ္ေပးလိုက္ Goncha ေလးျဖစ္ျဖစ္ ကိုယ့္ကိုကိုယ္ဝယ္တိုက္လိုက္chocolate ေလးဝယ္ေကၽြးလိုက္ hot pot ေလး ကိုယ့္ဘာသာဝယ္စားလိုက္၊ ကိုယ့္ကို ခ်စ္လိုက္ပါေနာ္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

အမျိုးသမီးတွေ လစဉ် Menstruation ဖြစ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အားနည်းထိခိုက်လွယ်တတ်တာ သဘာဝပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးအချိန်မှာ ကိုယ့်ကိုကိုယ် နားလည်ပြီး နှစ်သိမ့်ဂရုစိုက်တတ်ဖို့ အရေးကြီးပါတယ်။

ကိုယ့်ပတ်ဝန်းကျင်က ရင်းနှီးတဲ့ လူတွေကိုလည်း ကိုယ့်ရဲ့ နေမကောင်းဖြစ်နေချိန် စိတ်အခန့်မသင့်ဖြစ်တတ်တဲ့အကြောင်းလေးတွေကို ထုတ်ဖော်ပြောပြထားပြီး နားလည်ပေးဖို့ တောင်းဆိုထားသင့်ပါတယ်။ ပထမဆုံး ကိုယ့်အတွက်ကိုယ် ဂရုစိုက်နော်၊

၁။ ပေါ့ပါးချောင်ချိတဲ့ အဝတ်လေးတွေ၊ သက်သောင့်သက်သာဖြစ်စေတဲ့ အဝတ်အစားတွေကို နွေးထွေးလုံခြုံစွာ ဝတ်ဆင်သင့်ပါတယ်။ ၂။ အတွင်းခံ ဘောင်းဘီကိုလည်းတင်းကြပ်လွန်းတာ၊ လျော့တွဲချောင်ကျလွန်းတာတွေကိုမဝတ်သင့်ပါဘူး။

၃။ ပုံမှန်ထက် ပိုရှည်ပြီး နူးညံ့တဲ့ pad မျိုးကို သုံစွဲသင့်ပါတယ်။ wings ပါတဲ့ night use အရှည် pad တွေကိုလည်း နေ့ဘက်မှာသုံးစွဲခြင်းဖြင့် သက်တောင့်သက်သာ ဖြစ်စေတဲ့ အပြင် ပြင်ပသို့အလွယ်တကူ စွန်းထင်းခြင်းကိုသက်သာစေပါတယ်။

၄။ Pad ကို လေးနာရီခြားတစ်ခါ လဲလှယ်သင့်ပါတယ်။ ၅။ ကိုက်ခဲတဲ့အခါ လျှပ်စစ် ရေနွေးအိတ် သုံးစွဲတာမျိုး ရေနွေးပူပူလေးမှုတ်သောက်တာမျိုး လုပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ၆။ ဝမ်းမချုပ်အောင်ဂရုပြုသင့်ပါတယ်။ ၇။ ကိုယ်ကြိုက်တဲ့အစားအစာလေးတွေ ဝယ်စားလိုက်ပါ။

(ချစ်သူတွေအနေနဲ့လည်း ကိုယ့်ကောင်မလေးရဲ့ Period time ကို သတိထား ဂရုပြုပြီး နားလည်ပေးသင့်ပါတယ်) မိန်းကလေးတွေက သူတို့ရဲ့ menstrual cycle အတွင်းမှာ ရစ်လွန်းတာ ထိခိုက်လွယ်တာ စိတ်အလိုမကျတာ ရန်လုပ်တာ

စိတ်ကောက်တာ အချစ်ပိုလွန်းတာမျိုးတွေဖြစ်လေ့ရှိပါတယ်။ အဲဒီအချိန်ရောက်လာလို့ သူတိုနဲ့ ပြိုင်ပြီး ဒေါသလိုက်ထွက် ရန်ဖက်ဖြစ်ရင် အခြေအနေကပိုဆိုးသွားနိုင်ပါတယ်။ Tips လေးအနေနဲ့ Babe လေး period time ရောက်လို့ စိတ်ဖောက်နေပြီမလား

hot pot လိုက်ကျွေးမယ်နော် ဝမ်းမနည်းနဲ့တော့လို့ ပြောကြည့်ပါ၊ ပန်းလေးတစ်ပွင့်လောက်ပဲ ဖြစ်ဖြစ်ပေးကြည့်လိုက်ပါ၊ Dark chocolate လေးဝယ်ကျွေးလိုက်ပါ၊ သူ့ကို သွားတွေ့ပြီး ပိုဂရုစိုက်ပေးကြည့်ပါ။ ဒီအချိန်မှာ သူတို့လိုအပ်တာက

ပစ်ထားတာမဟုတ်ပါဘူး၊ ဟော်မုန်း (Hormone) တွေကြောင့် သူတို့စိတ်တွေ ကယောက်ကယက် ဖြစ်နေတဲ့အခါမှာ သူတို့ကို ရင့်ရင့်သီးသီး ရန်ပြန်ဖြစ်တာမျိုးမလုပ်စေချင်တာပါ။ မိသားစုတွေအနေနဲ့လည်း ငါ့သမီး နေမကောင်းဖြစ်နေပြီ

ပတ်ပြီး ပြသနာရှာ ဒေါသထွက် ဝမ်းနည်းတော့မယ် ကြည့်ရှောင်မှ ဆိုပြီး နေသင့်ပါတယ် အာဟာရရှိတဲ့အစားအစာတွေ ကျွေးသင့်ပါတယ်။ ဟင်းနုနွယ် ကဲ့သို့ သွေးအားကောင်းပြီး သံဓာတ်ပါတဲ့အစားအစာမျိုးတွေ ကျွေးသင့်ပါတယ်။

ကိုယ်ချစ်ရတဲ့သူပဲလေနော်၊ ဂရုစိုက်ပေးလိုက်ပါ၊ နားလည်ပေးလိုက်ပါ။ (Period pain ဆိုတာ ခံစားရခက်လွန်းမှန်း မိန်းကလေးတွေပဲ နားလည်ပါတယ်) ဘယ်သူမှ ဂရုစိုက်ဘူးဆိုရင်တောင် ကိုယ့်အတွက်ကိုယ် ဂရုစိုက်ပေးနော်။

နှုတ်ခမ်းနီလေး ကိုယ့်ကိုကိုယ်ဝယ်ပေးလိုက် Goncha လေးဖြစ်ဖြစ် ကိုယ့်ကိုကိုယ်ဝယ်တိုက်လိုက်chocolate လေးဝယ်ကျွေးလိုက် hot pot လေး ကိုယ့်ဘာသာဝယ်စားလိုက်၊ ကိုယ့်ကို ချစ်လိုက်ပါနော်။ ခရက်ဒစ်