တရုတ္ျပည္ကျပန္လာျပီး ယာဥ္မေတာ္တဆမွုေၾကာင့္ ရ႐ွိထားတဲ့ဒဏ္ရာနဲ႔ ရြာအျပင္ ေတာင္ယာတဲထဲမွာသာေနထိုင္ရတာေၾကာင့္ ေအာက္ပိုင္းေသသြားတဲ့ အမ်ိဳးသမီး

ေက်ာက္မဲၿမိဳ့က အမ်ိဳးသမီးတစ္ဦးဟာ တ႐ုတ္နိုင္ငံမွာ အလုပ္သြားလုပ္ၿပီး ေက်းရြာကို ျပန္လာရာမွာ ရြာထဲဝင္လို့မရပဲ ယာဥ္မေတာ္တဆမွု(Accident)ေၾကာင့္ ရရွိထားတဲ့ ဒဏ္ရာနဲ႔ ရြာအျပင္ ေတာင္ယာတဲထဲမွာသာ

ေနထိုင္ရတာေၾကာင့္ ေအာက္ပိုင္းေသသြားတယ္လို့ သိရပါတယ္။ အမ်ိဳးသမီးျဖစ္သူဟာ ေက်ာက္မဲၿမိဳ့နယ္ ခိုတင့္ေက်းရြာခံျဖစ္ၿပီး တ႐ုတ္မွာ အလုပ္လုပ္စဥ္က ယာဥ္မေတာ္တဆျဖစ္ခဲ့ၿပီးေနာက္ ေက်းရြာကိုျပန္လာခ်ိန္မွာ

၎ရဲ့အမ်ိဳးသားျဖစ္သူနဲ႔ ရြာခံေတြၾကားမွာ မူးယစ္ေဆးဝါးနဲ႔ပတ္သက္ၿပီး ျပႆနာတက္ဖူးတာေၾကာင့္ ရြာထဲဝင္ေရာက္ေနထိုင္လို့မရတဲ့ အေျခအေနနဲ႔ ၾကဳံေတြ႕ခဲ့ရတာပဲ ျဖစ္ပါတယ္။ ေက်ာက္မဲၿမိဳ့ နမ့္ခုံးပရဟိတ

လူမွုကူညီေရးအသင္းရဲ့ဥကၠဌ ဦးစိုင္းကူးက “အရင္တုန္းက သူ႔အမ်ိဳးသား မူးယစ္ေဆးဝါးသုံးစြဲလို့ ရြာကလူနဲ႔ ျပႆနာျဖစ္တာေပါ့။ ၿပီးမွ သူတို့က တ႐ုတ္ျပည္ဘက္ သြားတယ္။ ယာဥ္မေတာ္တဆျဖစ္ေတာ့ ရြာကိုျပန္လာတာ။

ရြာကလူေတြ လက္မခံေတာ့ ေတာင္ယာထဲမွာ တဲေဆာက္ၿပီး ေနၾကတယ္။ မွိုသြားရွာတဲ့လူတစ္ေယာက္က သြားေတြ႕ေတာ့ က်ေနာ္တို့ကို လာေျပာျပတယ္” လို့ ဒီေန႔ ေမလ ၂၂ ရက္မွာ မီဒီယာကို ေျပာပါတယ္။

အမ်ိဳးသမီးျဖစ္သူဟာ ယာဥ္မေတာ္တဆမွုေၾကာင့္ ဒဏ္ရာရရွိထားၿပီး ေတာင္ယာတဲရဲ့ ေျမႀကီးေပၚမွာ အိပ္ခဲ့ရတဲ့အတြက္ ခႏၶာကိုယ္ေအာက္ပိုင္း လွုပ္ရွားလို့မရေတာ့တာေၾကာင့္ နမ့္ခုံးပရဟိတ လူမွုကူညီေရး

အသင္းက ေက်ာက္မဲေဆး႐ုံကို ေဆးကုသဖို့ ပို့ေဆာင္ေပးထားတယ္လို့ ၎က ဆိုပါတယ္။ “က်ေနာ္တို့က သူတို့ျပန္ေနထိုင္ရဖို့အတြက္ ရြာကလူေတြ သြားတိုင္ပင္မွာျဖစ္တယ္။ က်ေနာ္တို့ဘက္ တတ္နိုင္သေလာက္

ေနထိုင္ဖို့ အိမ္ျပန္ေဆာက္ေပးမွာ အလွူရွင္ကလည္း ကူညီမယ္လို့ ေျပာတယ္။ သူ႔အမ်ိဳးသားကို ေနာက္ဒီလိုျပႆနာေတြမျဖစ္ေအာင္ ဝန္ခံကတိ လက္မွတ္ထိုးခိုင္းတယ္။ သူလက္မွတ္ထိုးေပးရင္ အိမ္ေတြလည္း

ေဆာက္ေပးမယ္” လို့ ဦးစိုင္းကူးက ဆက္ေျပာပါတယ္။ ၎တို့ႏွစ္ေယာက္မွာ သား ၂ ေယာက္ရွိထားၿပီး သားျဖစ္သူေတြကလည္း မိဘေတြနဲ႔အတူ ေတာင္ယာတဲထဲမွာ ေနထိုင္ၾကတယ္လို့ သိရပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ကျောက်မဲမြို့က အမျိုးသမီးတစ်ဦးဟာ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ပြီး ကျေးရွာကို ပြန်လာရာမှာ ရွာထဲဝင်လို့မရပဲ ယာဉ်မတော်တဆမှု(Accident)ကြောင့် ရရှိထားတဲ့ ဒဏ်ရာနဲ့ ရွာအပြင် တောင်ယာတဲထဲမှာသာ

နေထိုင်ရတာကြောင့် အောက်ပိုင်းသေသွားတယ်လို့ သိရပါတယ်။ အမျိုးသမီးဖြစ်သူဟာ ကျောက်မဲမြို့နယ် ခိုတင့်ကျေးရွာခံဖြစ်ပြီး တရုတ်မှာ အလုပ်လုပ်စဉ်က ယာဉ်မတော်တဆဖြစ်ခဲ့ပြီးနောက် ကျေးရွာကိုပြန်လာချိန်မှာ

၎င်းရဲ့အမျိုးသားဖြစ်သူနဲ့ ရွာခံတွေကြားမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပြဿနာတက်ဖူးတာကြောင့် ရွာထဲဝင်ရောက်နေထိုင်လို့မရတဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ကျောက်မဲမြို့ နမ့်ခုံးပရဟိတ

လူမှုကူညီရေးအသင်းရဲ့ဥက္ကဌ ဦးစိုင်းကူးက “အရင်တုန်းက သူ့အမျိုးသား မူးယစ်ဆေးဝါးသုံးစွဲလို့ ရွာကလူနဲ့ ပြဿနာဖြစ်တာပေါ့။ ပြီးမှ သူတို့က တရုတ်ပြည်ဘက် သွားတယ်။ ယာဉ်မတော်တဆဖြစ်တော့ ရွာကိုပြန်လာတာ။

ရွာကလူတွေ လက်မခံတော့ တောင်ယာထဲမှာ တဲဆောက်ပြီး နေကြတယ်။ မှိုသွားရှာတဲ့လူတစ်ယောက်က သွားတွေ့တော့ ကျနော်တို့ကို လာပြောပြတယ်” လို့ ဒီနေ့ မေလ ၂၂ ရက်မှာ မီဒီယာကို ပြောပါတယ်။

အမျိုးသမီးဖြစ်သူဟာ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိထားပြီး တောင်ယာတဲရဲ့ မြေကြီးပေါ်မှာ အိပ်ခဲ့ရတဲ့အတွက် ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားလို့မရတော့တာကြောင့် နမ့်ခုံးပရဟိတ လူမှုကူညီရေး

အသင်းက ကျောက်မဲဆေးရုံကို ဆေးကုသဖို့ ပို့ဆောင်ပေးထားတယ်လို့ ၎င်းက ဆိုပါတယ်။ “ကျနော်တို့က သူတို့ပြန်နေထိုင်ရဖို့အတွက် ရွာကလူတွေ သွားတိုင်ပင်မှာဖြစ်တယ်။ ကျနော်တို့ဘက် တတ်နိုင်သလောက်

နေထိုင်ဖို့ အိမ်ပြန်ဆောက်ပေးမှာ အလှူရှင်ကလည်း ကူညီမယ်လို့ ပြောတယ်။ သူ့အမျိုးသားကို နောက်ဒီလိုပြဿနာတွေမဖြစ်အောင် ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတယ်။ သူလက်မှတ်ထိုးပေးရင် အိမ်တွေလည်း

ဆောက်ပေးမယ်” လို့ ဦးစိုင်းကူးက ဆက်ပြောပါတယ်။ ၎င်းတို့နှစ်ယောက်မှာ သား ၂ ယောက်ရှိထားပြီး သားဖြစ်သူတွေကလည်း မိဘတွေနဲ့အတူ တောင်ယာတဲထဲမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။ ခရက်ဒစ်