လက္ရွိလုပ္ေနတဲ့ အလုပ္ေတြ အဆင္မေျပရင္ ရြာျပန္ၿပီး ထန္းတက္မယ္ လယ္စိုက္မယ္ဆိုတဲ့ မေနာ

လူ႔ဘဝဆိုတာ တိုတိုေလးဆိုေပမယ့္ ဒုကၡ သစၥာေတြကေတာ့ရွည္လ်ားလြန္းလွတယ္ေပါ့ဗ်ာ က်ေနာ္တို႔ လူသားေတြအားလုံး စိတ္ဓါတ္ၾကံခိုင္ဖို႔လိုသလို မာန္မာနကင္းဖို႔လည္း လိုတယ္ဗ်ိဳ႕ မိမိဘဝအေျခအေနအမွန္ကို လူသိမွာမေၾကာက္သင့္ပါ ႐ိုးသားႀကိဳးစားဖို႔သာ

အဓိကမို႔ အခုလို ကမ႓ာ့ကပ္ေရာဂါေၾကာင့္ စီးပြားေရးဟာပုံမွန္ဆိုတာေဝး ေန႔စဥ္စားဝတ္ေနေရးအဆင္ေျပဖို႔ ကိုေတာ္ေတာ္႐ုန္းကန္ရွာေဖြေနၾကရတယ္ေပါ့ ဒါေၾကာင့္ တခ်ိန္တုန္းက မိမိ ခ်မ္းသာသူ နာမည္ႀကီးသူ လုပ္ငန္းရွင္ သူေဌးႀကီး ဆရာႀကီး ဆရာမႀကီး မင္းသား

မင္းသမီး အဆိုေတာ္ ဗိုလ္မွဴး ဆရာဝန္ အရာရွိ အစုံစုံဘာျဖစ္ျဖစ္ေပါ့ဗ်ာ လက္ရွိအေျခအေနကိုသာ လက္ခံႏိုင္ၿပီးအေကာင္းဆုံးကိုေရြးခ်ယ္သင့္တယ္ေပါ့ေနာ္ တခ်ိန္က ေဘာစိ မိမိမိတ္ေဆြေစ်းေရာင္းေနရင္အားေပးရမယ္ ေလးစားရမယ္ ဘာေရာင္းေရာင္း

ကိုယ္လည္းအတုယူႏိုင္ရမယ္က်ေနာ္ကေတာ့ လက္ရွိ စတီးလ္လုပ္ငန္း ဖိုက္ဘာလုပ္ငန္းေတြတို႔ကိုအဆင္ေျပေအာင္ႀကိဳးစားေနတယ္အထူးသျဖင့္တပည့္ေလးေတြ အတြက္ဆိုင္စဖြင့္တယ္ႀကိဳးစားေနတယ္။ အဆင္မေျပရင္ရြာျပန္ၿပီး ထန္းတက္မယ္ လယ္စိုက္မယ္

ယာခင္းေတြအသီးအႏွံအစုံ စိုက္မယ္ မိသားစု ေအးခ်မ္းစြာေနထိုင္ႏိုင္ၿပီး လက္ရွိဘဝေလးကိုေအးအတူပူအမွ် ျဖတ္သန္းမယ္၊ ေတးခ်စ္သူတို႔ကေရာ ဘာေတြလုပ္ဖို႔စိတ္ကူးထားလဲ

ဘာေတြလုပ္ေနလဲ မိမိလုပ္ငန္းဒီ မေနာ Page မွာဝင္မန္႔ၿပီးတခါတည္းေၾကာ္ျငာႏိုင္သည္ေပါ့ေနာ္။ ကဲဒီေန႔ဒီအခ်ိန္မွစၿပီး စီးပြားေရးမ်ားတိုးတက္ေကာင္းမြန္ပါေစ က်န္းမာခ်မ္းပါေစဗ်ား ေမာင္မေနာ။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

လူ့ဘဝဆိုတာ တိုတိုလေးဆိုပေမယ့် ဒုက္ခ သစ္စာတွေကတော့ရှည်လျားလွန်းလှတယ်ပေါ့ဗျာ ကျနော်တို့ လူသားတွေအားလုံး စိတ်ဓါတ်ကြံခိုင်ဖို့လိုသလို မာန်မာနကင်းဖို့လည်း လိုတယ်ဗျို့ မိမိဘဝအခြေအနေအမှန်ကို လူသိမှာမကြောက်သင့်ပါ ရိုးသားကြိုးစားဖို့သာ

အဓိကမို့ အခုလို ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးဟာပုံမှန်ဆိုတာဝေး နေ့စဉ်စားဝတ်နေရေးအဆင်ပြေဖို့ ကိုတော်တော်ရုန်းကန်ရှာဖွေနေကြရတယ်ပေါ့ ဒါကြောင့် တချိန်တုန်းက မိမိ ချမ်းသာသူ နာမည်ကြီးသူ လုပ်ငန်းရှင် သူဌေးကြီး ဆရာကြီး ဆရာမကြီး မင်းသား

မင်းသမီး အဆိုတော် ဗိုလ်မှူး ဆရာဝန် အရာရှိ အစုံစုံဘာဖြစ်ဖြစ်ပေါ့ဗျာ လက်ရှိအခြေအနေကိုသာ လက်ခံနိုင်ပြီးအကောင်းဆုံးကိုရွေးချယ်သင့်တယ်ပေါ့နော် တချိန်က ဘောစိ မိမိမိတ်ဆွေဈေးရောင်းနေရင်အားပေးရမယ် လေးစားရမယ် ဘာရောင်းရောင်း

ကိုယ်လည်းအတုယူနိုင်ရမယ်ကျနော်ကတော့ လက်ရှိ စတီးလ်လုပ်ငန်း ဖိုက်ဘာလုပ်ငန်းတွေတို့ကိုအဆင်ပြေအောင်ကြိုးစားနေတယ်အထူးသဖြင့်တပည့်လေးတွေ အတွက်ဆိုင်စဖွင့်တယ်ကြိုးစားနေတယ်။ အဆင်မပြေရင်ရွာပြန်ပြီး ထန်းတက်မယ် လယ်စိုက်မယ်

ယာခင်းတွေအသီးအနှံအစုံ စိုက်မယ် မိသားစု အေးချမ်းစွာနေထိုင်နိုင်ပြီး လက်ရှိဘဝလေးကိုအေးအတူပူအမျှ ဖြတ်သန်းမယ်၊ တေးချစ်သူတို့ကရော ဘာတွေလုပ်ဖို့စိတ်ကူးထားလဲ

ဘာတွေလုပ်နေလဲ မိမိလုပ်ငန်းဒီ မနော Page မှာဝင်မန့်ပြီးတခါတည်းကြော်ငြာနိုင်သည်ပေါ့နော်။ ကဲဒီနေ့ဒီအချိန်မှစပြီး စီးပွားရေးများတိုးတက်ကောင်းမွန်ပါစေ ကျန်းမာချမ်းပါစေဗျား မောင်မနော။ ခရက်ဒစ်