မ်ိဳးဆက္ပြားက်န္းမာေရး သင္ခန္းစာအား ျပန္လည္ျပင္ဆင္မည္ဟု အေျခခံပညာဦးစီးဌာနေျပာဆုိ

ဒသမတန္းသင္႐ုိးတြင္ပါဝင္သည္ “မ်ိဳးဆက္ပြား က်န္းမာေရး သင္ခန္းစာ”ကို ျပည္သူ႔အသံနားေထာင္ၿပီး ျပန္လည္ျပင္ဆင္သြားမည္ဟု ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာန တာဝန္ရွိသူမ်ားက

ေျပာဆိုလိုက္သည္။ ယေန႔ ေန႔လည္က ေနျပည္ေတာ္၌ ျပဳလုပ္သည့္ “ဘဝတြက္တာ ကြၽမ္းက်င္စရာ” ဘာသာရပ္ႏွင့္ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲတြင္ တာဝန္ရွိသူမ်ားက ယခုကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ရဲ႕ ဓေလ့ထုံးစံေတြ ယဥ္ေက်းမႈေတြ၊ ဒါေတြနဲ႔ ဘယ္ေလာက္မ်ား ကြာဟေနလဲ၊ ကြာဟေနတာေတြကိုလည္း ကြၽန္ေတာ္တို႔ ျပန္ၿပီးေတာ့မွ ကြာဟတာေတြကို အနည္းဆုံးျဖစ္ေအာင္ ႀကိဳးစားဖို႔ရွိတယ္

ဒီ Courseတစ္ခုလုံးကို ျပန္ျပင္ဖို႔ မျဖစ္ႏုိင္ပါဘူး”ဟု အေျခခံပညာဦးစီးဌာနၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္း ကဆိုသည္။ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ဆယ္ေက်ာ္သက္အ႐ြယ္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား

မ်ိဳးဆက္ပြားက်န္းမာေရးႏွင့္ ပတ္သက္ၿပီး ေဆာင္ရန္၊ ေရွာင္ရန္အခ်က္မ်ား သိရွိေစရန္၊ ကိုယ္ပိုင္ေတြးေခၚႏုိင္စြမ္းျဖင့္ မိမိကိုယ္ ကိုယ္မိမိ ကာကြယ္ေစာင့္ေရွာက္နိုင္ေစရန္ ရည္႐ြယ္ၿပီး ထည့္သြင္းသင္ၾကားေပးရန္

စီစဥ္ခဲ့ျခင္း ျဖစ္သည္ဟုလည္းဆိုသည္။ သို႔ေသာ္ ျပည္သူေတြအၾကားတြင္ သေဘာထားကြဲလြဲမႈမ်ားျဖစ္ေပၚေနၿပီး ျမန္မာ့ယဥ္ေက်းမႈႏွင့္ ကိုက္ညီမႈမရွိဘဲ၊ အတုယူလြဲမွားမႈမ်ား ျဖစ္ေပၚေစနိုင္သည္ဟု

ေဝဖန္သူမ်ားလည္းရွိေနသည္။ ျပန္လည္ျပင္ဆင္ရန္ ေဆာင္႐ြက္ေနသည့္ “ဘဝတြက္တာ ကြၽမ္းက်င္စရာ” ဘာသာရပ္ပါ “ေရာဂါကင္းေဝး က်န္းမာေရးသင္ခန္းစာ၊ မ်ိဳးဆက္ပြားက်န္းမာေရးႏွင့္

ဆယ္ေက်ာ္သက္အ႐ြယ္မ်ား ေပါင္းသင္းဆက္ဆံေရး” သင္ခန္းစာမ်ားအား သင္ၾကားျခင္း မျပဳေသးရန္ ၫႊန္ၾကားထားၿပီး၊ ေက်ာင္းဖြင့္ရာသီအမွီ ျပင္ဆင္မႈမ်ား ေဆာင္႐ြက္သြားမည္ဟု အေျခခံပညာေရး

ဦးစီးဌာနကဆိုပါတယ္။ ျပင္ဆင္မႈမ်ားေဆာင္႐ြက္ရာတြင္ ျမန္မာ့ယဥ္ေက်းမႈႏွင့္ ကိုက္ညီမႈရွိသည့္ အသုံးအႏႈန္းမ်ားျဖစ္ေစရန္အတြက္ အမ်ိဳးသားသင္႐ုိးၫႊန္းတမ္းေကာ္မတီ၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္

ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတို႔ ပူးေပါင္းၿပီး အေသးစိတ္ေဆြး ေႏြးညွိုႏွိုင္း ျပင္ဆင္သြားမည္ဟုလည္း ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဒသမတန်းသင်ရိုးတွင်ပါဝင်သည် “မျိုးဆက်ပွား ကျန်းမာရေး သင်ခန်းစာ”ကို ပြည်သူ့အသံနားထောင်ပြီး ပြန်လည်ပြင်ဆင်သွားမည်ဟု ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန တာဝန်ရှိသူများက

ပြောဆိုလိုက်သည်။ ယနေ့ နေ့လည်က နေပြည်တော်၌ ပြုလုပ်သည့် “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ဓလေ့ထုံးစံတွေ ယဉ်ကျေးမှုတွေ၊ ဒါတွေနဲ့ ဘယ်လောက်များ ကွာဟနေလဲ၊ ကွာဟနေတာတွေကိုလည်း ကျွန်တော်တို့ ပြန်ပြီးတော့မှ ကွာဟတာတွေကို အနည်းဆုံးဖြစ်အောင် ကြိုးစားဖို့ရှိတယ်

ဒီ Courseတစ်ခုလုံးကို ပြန်ပြင်ဖို့ မဖြစ်နိုင်ပါဘူး”ဟု အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကဆိုသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူများအား

မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များ သိရှိစေရန်၊ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းဖြင့် မိမိကိုယ် ကိုယ်မိမိ ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်ပြီး ထည့်သွင်းသင်ကြားပေးရန်

စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟုလည်းဆိုသည်။ သို့သော် ပြည်သူတွေအကြားတွင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေပြီး မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိဘဲ၊ အတုယူလွဲမှားမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု

ဝေဖန်သူများလည်းရှိနေသည်။ ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေသည့် “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်ပါ “ရောဂါကင်းဝေး ကျန်းမာရေးသင်ခန်းစာ၊ မျိုးဆက်ပွားကျန်းမာရေးနှင့်

ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး” သင်ခန်းစာများအား သင်ကြားခြင်း မပြုသေးရန် ညွှန်ကြားထားပြီး၊ ကျောင်းဖွင့်ရာသီအမှီ ပြင်ဆင်မှုများ ဆောင်ရွက်သွားမည်ဟု အခြေခံပညာရေး

ဦးစီးဌာနကဆိုပါတယ်။ ပြင်ဆင်မှုများဆောင်ရွက်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိသည့် အသုံးအနှုန်းများဖြစ်စေရန်အတွက် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်

ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အသေးစိတ်ဆွေး နွေးညှိုနှိုင်း ပြင်ဆင်သွားမည်ဟုလည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ခရက်ဒစ်