နံနက္ အိပ္ယာနိုးနိုးခ်င္း လုံးဝလုံးဝ မလုပ္သင့္တဲ့ အရာမ်ား

မနက္မိုးလင္း အိပ္ရာထရတဲ့အခ်ိန္ဟာ လူအေတာ္မ်ားမ်ားအတြက္ေတာ့ တကယ့္ကို အဆိုး႐ြားဆုံးအခ်ိန္ပါပဲ ။တစ္ေန႕တစ္ေန႕ၾကားေနရတဲ့ Alarms သံကိုမုန္းေနတဲ့သူ

ဘယ္ေလာက္မ်ားၿပီလဲ။ Alarms သံၾကားတာနဲ႔ နာရီကို ကိုင္ေပါင္ၿပီး ေစာင္ေအာက္ထဲျပန္ဝင္ခ်င္စိတ္ေပါက္ေနတာ ဘယ္ေလာက္မ်ားခဲ့ၿပီလဲဆိုတာ ကိုယ္တိုင္

သိၾကမွာပါ။ ဒါေပမယ့္လည္း တာဝန္နဲ႔ ဝတၱရားေတြရွိတဲ့အတြက္ မျဖစ္မေနထရတာပဲ။ ဒီလိုမ်ိဳး စိတ္ပ်က္စရာအေျခအေနမ်ိဳးမွာ ဘယ္လိုကိစၥေတြကို မျပဳလုပ္ပဲ

ေရွာင္ရွားသင့္သလဲ။ ‘ေနာက္ငါးမိနစ္ေလာက္’ဆိုတာဟာ အေတာ္ကို ဆိုးပါတယ္။ အိပ္ရာနိုးနိုးခ်င္း ေရမိုးခ်ိဳးတာမ်ိဳး ခ်က္ခ်င္းလုပ္ဖို႔မလိုအပ္ေပမယ့္ ပြင့္ေနတဲ့

မ်က္လုံးကိုေတာ့ ျပန္မမွိတ္လိုက္သင့္ပါဘူး။ တကယ္လို႔ Snooze ခလုတ္ကို ႏွိပ္ၿပီး ျပန္အိပ္ေပ်ာ္သြားရင္ေတာ့ သင္ဟာ အစကေနျပန္အိပ္သလိုျဖစ္သြားပါလိမ့္မယ္။

အဲ့ဒီအခ်ိန္မွာ Alarm ထျမည္ခဲ့မယ္ဆိုရင္ ေဒါသေတြ အႀကီးအက်ယ္ထြက္လာပါလိမ့္မယ္။ “ၿငိမ္မေနပါနဲ႕”။ ။ ခုနကေျပာသလိုပဲ အိပ္ရာနိုးနိုးခ်င္း ေရသြားခ်ိဳးဖို႔

မလိုေပမယ့္ အနည္းဆုံးေတာ့ အိပ္ရာေပၚက ထထိုင္တာမ်ိဳး၊ အပ်င္းဆန႔္တာမ်ိဳးျပဳလုပ္သင့္ပါတယ္။ အိပ္ရာနိုးနိုးခ်င္း အပ်င္းဆန႔္တာဟာ တစ္ေန႕တာလုပ္ငန္းခြင္မွာ

ပိုမိုယုံၾကည္မႈရွိလာေစတယ္လို႔လည္း ဟားဗက္မွ စိတ္ပညာရွင္ Amy Cuddy ကေျပာထားပါတယ္။ “ဖုန္းမၾကည့္ပါနဲ႕”။ ။ မနက္မိုးလင္းလင္းခ်င္း ဖုန္းၾကည့္

တာမ်ိဳး လုံးဝမျပဳလုပ္ပါနဲ႔။ အလြန္ၾကည့္ခ်င္ေနရင္ေတာင္မွ ကိုယ္လုပ္စရာရွိတာေတြလုပ္ၿပီးမွၾကည့္ပါ။ စိတ္ပညာရွင္ေတြအေျပာအရ အိပ္ရာနိုးနိုးခ်င္း ဖုန္းၾကည့္ျခင္းဟာ

စိတ္က်န္းမာေရးကို ထိခိုက္လာနိုင္တယ္လို႔ သိထားရပါတယ္။ “အေမွာင္ထဲမွာမေနပါနဲ႕” အိပ္ရာထတဲ့အခါ မ်က္စိက အလင္းေရာင္ကို ၾကည့္ဖို႔ က်င့္သား

မရေသးပါဘူး။ ဒါေၾကာင့္ မီးပိတ္ထားၿပီး ကိုယ္လုပ္စရာရွိတာကိုလုပ္ၾကေလ့ရွိပါတယ္။ ဒါေပမယ့္ ခႏၶာကိုယ္က အလင္းအေမွာင္ကိုတုံ႕ျပန္အား အရမ္းကို ေကာင္းလြန္း

တဲ့အတြက္ဘအေမွာင္ထဲမွာျပင္ဆင္ေနတဲ့အခါ ညဘက္ယူဆသြားပါတယ္။ ခႏၶာကိုယ္က ညဘက္လို႔ယူဆလိုက္တဲ့အခါမွာ ေနရင္းထိုင္ရင္း ႏုံးခ်ိလာသလို

ခံစားရပါလိမ့္မယ္။ ဒါေၾကာင့္ မနက္မိုးလင္းတဲ့အခ်ိန္မွာ လိုက္ကာေတြဖြင့္ၿပီးေတာ့ အလင္းေရာင္ေအာက္မွာျပင္ဆင္တာ အေကာင္းဆုံးပါပဲ။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မနက်မိုးလင်း အိပ်ရာထရတဲ့အချိန်ဟာ လူအတော်များများအတွက်တော့ တကယ့်ကို အဆိုးရွားဆုံးအချိန်ပါပဲ ။တစ်နေ့တစ်နေ့ကြားနေရတဲ့ Alarms သံကိုမုန်းနေတဲ့သူ

ဘယ်လောက်များပြီလဲ။ Alarms သံကြားတာနဲ့ နာရီကို ကိုင်ပေါင်ပြီး စောင်အောက်ထဲပြန်ဝင်ချင်စိတ်ပေါက်နေတာ ဘယ်လောက်များခဲ့ပြီလဲဆိုတာ ကိုယ်တိုင်

သိကြမှာပါ။ ဒါပေမယ့်လည်း တာဝန်နဲ့ ဝတ္တရားတွေရှိတဲ့အတွက် မဖြစ်မနေထရတာပဲ။ ဒီလိုမျိုး စိတ်ပျက်စရာအခြေအနေမျိုးမှာ ဘယ်လိုကိစ္စတွေကို မပြုလုပ်ပဲ

ရှောင်ရှားသင့်သလဲ။ ‘နောက်ငါးမိနစ်လောက်’ဆိုတာဟာ အတော်ကို ဆိုးပါတယ်။ အိပ်ရာနိုးနိုးချင်း ရေမိုးချိုးတာမျိုး ချက်ချင်းလုပ်ဖို့မလိုအပ်ပေမယ့် ပွင့်နေတဲ့

မျက်လုံးကိုတော့ ပြန်မမှိတ်လိုက်သင့်ပါဘူး။ တကယ်လို့ Snooze ခလုတ်ကို နှိပ်ပြီး ပြန်အိပ်ပျော်သွားရင်တော့ သင်ဟာ အစကနေပြန်အိပ်သလိုဖြစ်သွားပါလိမ့်မယ်။

အဲ့ဒီအချိန်မှာ Alarm ထမြည်ခဲ့မယ်ဆိုရင် ဒေါသတွေ အကြီးအကျယ်ထွက်လာပါလိမ့်မယ်။ “ငြိမ်မနေပါနဲ့”။ ။ ခုနကပြောသလိုပဲ အိပ်ရာနိုးနိုးချင်း ရေသွားချိုးဖို့

မလိုပေမယ့် အနည်းဆုံးတော့ အိပ်ရာပေါ်က ထထိုင်တာမျိုး၊ အပျင်းဆန့်တာမျိုးပြုလုပ်သင့်ပါတယ်။ အိပ်ရာနိုးနိုးချင်း အပျင်းဆန့်တာဟာ တစ်နေ့တာလုပ်ငန်းခွင်မှာ

ပိုမိုယုံကြည်မှုရှိလာစေတယ်လို့လည်း ဟားဗက်မှ စိတ်ပညာရှင် Amy Cuddy ကပြောထားပါတယ်။ “ဖုန်းမကြည့်ပါနဲ့”။ ။ မနက်မိုးလင်းလင်းချင်း ဖုန်းကြည့်

တာမျိုး လုံးဝမပြုလုပ်ပါနဲ့။ အလွန်ကြည့်ချင်နေရင်တောင်မှ ကိုယ်လုပ်စရာရှိတာတွေလုပ်ပြီးမှကြည့်ပါ။ စိတ်ပညာရှင်တွေအပြောအရ အိပ်ရာနိုးနိုးချင်း ဖုန်းကြည့်ခြင်းဟာ

စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်လို့ သိထားရပါတယ်။ “အမှောင်ထဲမှာမနေပါနဲ့” အိပ်ရာထတဲ့အခါ မျက်စိက အလင်းရောင်ကို ကြည့်ဖို့ ကျင့်သား

မရသေးပါဘူး။ ဒါကြောင့် မီးပိတ်ထားပြီး ကိုယ်လုပ်စရာရှိတာကိုလုပ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က အလင်းအမှောင်ကိုတုံ့ပြန်အား အရမ်းကို ကောင်းလွန်း

တဲ့အတွက်ဘအမှောင်ထဲမှာပြင်ဆင်နေတဲ့အခါ ညဘက်ယူဆသွားပါတယ်။ ခန္ဓာကိုယ်က ညဘက်လို့ယူဆလိုက်တဲ့အခါမှာ နေရင်းထိုင်ရင်း နုံးချိလာသလို

ခံစားရပါလိမ့်မယ်။ ဒါကြောင့် မနက်မိုးလင်းတဲ့အချိန်မှာ လိုက်ကာတွေဖွင့်ပြီးတော့ အလင်းရောင်အောက်မှာပြင်ဆင်တာ အကောင်းဆုံးပါပဲ။ ခရက်ဒစ်