ကမ္ဘာကြီးကို ကပ် ရောဂါကြီးမှကယ်တင်နိုင်ဖို့ လက်တစ်ကမ်း အလို
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
လန်ဒန်အခြေစိုက် ဆေးထုတ်လုပ်ရေး AstraZeneca ဟာလည်းပဲ Covid-19 အတွက် စမ်းသပ်ဆေးဝါးအောင်မြင်ပါက ကုသဆေး ၁ ဘီလီယံကို ယခုနှစ်အတွင်းထုတ်လုပ်ပေးသွားမယ်လို့ ထုတ်ပြန်လာပြီး သူတို့ရဲ့ စမ်းသပ်ဆေးဝါးအဖြေဟာလည်း မကြာမီအချိန်အတွင်း
ရရှိလာတော့မယ်လို့ မေလ ၂၁ ရက်နေ့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Oxford university နဲ့ တွဲဖက်လုပ်ဆောင်တဲ့ ယခုစမ်းသပ်မှုရလဒ်ကောင်းပါက အနည်းဆုံး ကူသဆေး ၄၀၀ မီလီယံလောက်ကို မကြာမီ ထုတ်လုပ်ပေးနိုင်လိမ့်မယ်လို့လည်း သိရပါတယ်။
အောက်တိုဘာလမှာ ရ ရှိနိုင်မယ်လို့ခန့်မှန်းရတဲ့ ကုသဆေးတွေထဲက ကုသဆေး ၃၀၀ မီလီယံကို အမေရိကန်က ကြိုတင်မှာယူထားတာလည်း ဖြစ်ပါတယ်။ AstraZeneca ဆေးထုတ်လုပ်ရေးက သူတို့ရဲ့ကုသဆေးဟာအစောပိုင်းစမ်းသပ်မှုတွေမှာအောင်မြင်မှုမရှိခဲ့ပေမယ့်
ယခုထွက်ရှိလာမယ့်စမ်းသပ် အဖြေပေါ်မူတည်ပြီး ဆေးဝါးထုတ်လုပ်ဖို့ ကြိုးစားသွားမှာဖြစ်ကာ ထုတ်လုပ်နေစဉ်အတွင်း အခြားစမ်းသပ်မှုတွေကို နိုင်ငံပေါင်းများစွာမှာ ပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။လတ်တလောမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအပါအဝင်
ဆေးပညာဖွံ့ဖြိုးပီးနိုင်ငံတွေက ကုသဆေးထုတ်လုပ်ဖို့ နည်းလမ်းပေါင်း၁၀၀ ကျော်ကို အပူတပြင်း ကြိုးစားနေကြပေမယ့် လတ်တဆုတ်စာ ကုသဆေးနည်းလမ်းများကိုသာ လူသားနဲ့စမ်းသပ်နိုင်သေးတာဖြစ်ပါတယ်။ ဒါကြောင့် တရားဝင်ကုသဆေးရရှိဖို့
၁၈ လလောက်အချိန်ပေးရလိမ့်မယ်လို့ ပညာရှင်တွေကခန့်မှန်းခဲ့တာလည်းဖြစ်ပါတယ်၊AstraZeneca ဆေးထုတ်လုပ်ရေးကို အမေရိကန်က ၁ ဘီလီယံထောက်ပံ့ပေးထားပြီး တိကျပြီး ပျောက်ကင်းမှုနှုန်းသေချာတဲ့ ဆေးဝါးအတွက် လူသုံးသောင်းလောက်မှာ စမ်းသပ်ရအုံးမှာလည်းဖြစ်တယ်လို့သိရပါတယ်။
အခြားဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကြီးတွေဖြစ်တဲ့Pfizer Inc, Johnson & Johnson နဲ့ Sanofi တို့လည်းပဲ ကုသဆေးအတွက်အသီးသီးကြိုးစားနေကြတယ်လို့ သတင်းတွေထွက်နေပါတယ်။
အမေရိကန်အခြေစိုက် Inovio Pharmaceuticals ဆေးဝါးထုတ်လုပ်ရေးကြီးကတော့ သူတို့ရဲ့စမ်းသပ်ဆေးဝါးဟာ ပူးနဲ့ ကြွက်တွေရဲ့ ကိုယ်ခံစွမ်းအားကို Covid-19 မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတယ်လို့ ဆိုလာပါတယ်။ ခရက်ဒစ်