အဆင္မေျပသူေတြျမင္တိုင္းမကူညီနိုင္ခဲ့ေပမယ့္ ဒီေမာင္ႏွမသုံးေယာက္အတြက္ က်ေနာ္တင္တဲ့ပို့စ္ေလးကိုဆုံးေအာင္ဖတ္ေပးၿပီး ဝိုင္းကူေပးနိုင္ဖို့ နိုးေဆာ္ပါတယ္ေနာ္

အဆင္မေျပသူေတြျမင္တိုင္းမကူညီနိုင္ခဲ့ေပမယ့္ ဒီေမာင္ႏွမသုံးေယာက္အတြက္ က်ေနာ္တင္တဲ့ပို့စ္ေလးကိုဆုံးေအာင္ဖတ္ေပးၿပီး ဝိုင္းကူေပးနိုင္ဖို့ နိုးေဆာ္ပါတယ္ေနာ္။ အေဖက AIDSေရာဂါနဲ႔ဆုံးတာေလးႏွစ္ရွိၿပီ

အခုအေမကပါ AIDSေရာဂါနဲ႔ထပ္ဆုံးတယ္ က်န္ရစ္တဲ့သမီးႀကီးက 14ႏွစ္ သားလတ္က 9ႏွစ္ သားငယ္က 6ႏွစ္ အေမ Aေရာဂါနဲ႔အလုပ္မလုပ္နိုင္ေတာ့လို့ အိမ္ေနာက္ေဖးက 8ေပ14ေပရွိတဲ့ ၿခံေလးကို ပိုင္းၿပီး အေပါင္ခံကာ

25,000/30,000 နည္းနည္းစီယူရင္း အတိုးအရင္းေပါင္းမွ 5-သိန္းေလာက္နဲ႔ေျမကြက္ရွုံးသြားၿပီ သမီးႀကီးကခုႏွစ္တန္း 2019 ပညာသင္ႏွစ္အစမွာ တစ္လေလာက္ပဲေက်ာင္းတက္လိုက္ရၿပီး အေမအိပ္ယာထဲလဲေတာ့

ေက်ာင္းမတက္ပဲ တစ္ရက္2,500က်ပ္နဲ ေစ်းဆိုင္ကူေရာင္းရင္း လုပ္ေကၽြးလာတာ အေမဆုံးေတာ့လည္း ဆိုင္မွာယူထားတဲ့အေမ့ေဆးဖိုးအေႂကြးကိုတစ္ရက္ 1,000က်ပ္ဆပ္ရင္း ေမာင္ေလးႏွစ္ေယာက္ကိုေကၽြးေန

ရွာတယ္။ အိမ္ျပန္ေရာက္ရင္ သမီးႀကီးကဘာမွမစားေတာ့ဘူး သူစားခဲ့ၿပီးပဲေျပာၿပီး အငယ္ေလးႏွစ္ေယာက္ကိုပဲေကၽြးတယ္ေလ သားလတ္ကေတာ့အခုလက္ရွိမွာ ကိုရင္ဝတ္ေနတယ္ ေက်ာင္းဖြင့္ရင္ေတာ့ကိုရင္ထြက္မယ္နဲ႔

တူပါတယ္။ သားငယ္ေလး သူ႔ကိုေမြးတဲ့အခ်ိန္ အေမမွာေရာဂါရွိေနၿပီမို့ ရင္ေသြးကို နို့မတိုက္ရဘူးဆိုတာသိေပမယ့္ နို့မွုန္႔ဖိုးမတတ္နိုင္လို့ နို့တိုက္ေမြးလာၾကတာ အာ့တာေၾကာင့္သားငယ္ေလးမွာ ေရာဂါကူးစက္ေနမလား

ဆိုတာစိတ္ပူစရာမို့ စစ္ေဆးမွုေတြလုပ္ေပးရမွာပါ။ လက္ရွိက်န္ေနတဲ့ေျမကြက္ေလးက 8ေပ14ေပ/အိမ္အေနအထားကေတာ့ေက်ာခင္းလို့ရတယ္ဆို႐ုံ မိုးမလုံေလမလုံအေျခအေန အိမ္သာမရွိလို့ ေနာက္ေဖးမွာအုတ္နီခဲ

ေလးႏွစ္ခုခ် ကၽြတ္ကၽြတ္အိတ္နဲ႔ပါရတဲ့အျဖစ္ ေဆြမ်ိဳးေတြဆိုတာလည္း မိဘႏွစ္ေယာက္လုံးA ေရာဂါသည္မွန္းသိတည္းကဖယ္က်ဥ္ထားၾကတယ္။ အေဖရဲ့အဖြားျဖစ္သူကလည္းက်န္တဲ့ ေခၽြးမေတြနဲ႔အဆင္မေျပေတာ့

ေျမးသုံးေယာက္ကိုေစာင့္ေရွာက္ရင္း တူတူလာေနေပးတယ္ အဖြားအသက္က 67ႏွစ္ က်ေနာ္လုပ္ေပးခ်င္တာေလးကေတာ့ ၁။ ပထမ သူတို့အိမ္ေလး လုံျခဳံေအာင္ျပဳျပင္ေပးခ်င္တယ္။ ၂။ ျဖစ္နိုင္ရင္အေပါင္ဆုံးသြားတဲ့

ေနာက္ေဖးေျမကြက္ေလးျပန္ဝယ္ေပးခ်င္တယ္ ဒါမွအိမ္သာေလးေဆာက္ဖို့ေျမရွိလာမွာ။ ၃။ သမီးႀကီးကိုေက်ာင္းျပန္တက္ေစခ်င္တယ္။ ၄။ လစဥ္ေထာက္ပံ့ေပးတာမလုပ္နိုင္ေတာ့ မိသားစုကိုတစ္ခုခုေရာင္းဖို့ အရင္း

တည္ေပးခ်င္တယ္။ အလႉေငြရတဲ့အေျခအေနေပၚမူတည္ၿပီး ပထမ ဒုတိယ တတိယ စတုတၳ တစ္ဆင့္ခ်င္း လုပ္ေပးနိုင္ေအာင္ႀကိဳးစားၾကည့္ခ်င္ပါတယ္ တစ္ေယာက္အားနဲ႔မနိုင္ အမ်ားအားနဲ႔ဆိုရင္ မိဘမဲ့ေမာင္ႏွမသုံးေယာက္

အတြက္ ေအာင္ျမင္စြာကူေပးနိုင္မယ္ ဆိုတာယုံၾကည္လို့ တစ္ဦးတစ္ေယာက္စီကေန အလွူေငြ နည္းမ်ားမဆိုကူေပးၾကပါအုံးေနာ္။ မိဘမဲ့ကေလးျဖစ္တိုင္း မိဘမဲ့ေဂဟာသြားရမယ္ဆိုတာ က်ေနာ္မျဖစ္ခ်င္ဆုံးဆႏၵပါ

အတတ္နိူင္ဆုံးေမာင္ႏွမေတြ တူတူေနၾကၿပီး ရွင္သန္ေစခ်င္တယ္ ကေလးေတြေနရပ္ကေတာ့ ေတာင္တြင္းႀကီးၿမိဳ့ပါ။ ေရႊစင္ၿငိမ္းသူကြန္ရက္။ 09259768499 ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

အဆင်မပြေသူတွေမြင်တိုင်းမကူညီနိုင်ခဲ့ပေမယ့် ဒီမောင်နှမသုံးယောက်အတွက် ကျနော်တင်တဲ့ပို့စ်လေးကိုဆုံးအောင်ဖတ်ပေးပြီး ဝိုင်းကူပေးနိုင်ဖို့ နိုးဆော်ပါတယ်နော်။ အဖေက AIDSရောဂါနဲ့ဆုံးတာလေးနှစ်ရှိပြီ

အခုအမေကပါ AIDSရောဂါနဲ့ထပ်ဆုံးတယ် ကျန်ရစ်တဲ့သမီးကြီးက 14နှစ် သားလတ်က 9နှစ် သားငယ်က 6နှစ် အမေ Aရောဂါနဲ့အလုပ်မလုပ်နိုင်တော့လို့ အိမ်နောက်ဖေးက 8ပေ14ပေရှိတဲ့ ခြံလေးကို ပိုင်းပြီး အပေါင်ခံကာ

25,000/30,000 နည်းနည်းစီယူရင်း အတိုးအရင်းပေါင်းမှ 5-သိန်းလောက်နဲ့မြေကွက်ရှုံးသွားပြီ သမီးကြီးကခုနှစ်တန်း 2019 ပညာသင်နှစ်အစမှာ တစ်လလောက်ပဲကျောင်းတက်လိုက်ရပြီး အမေအိပ်ယာထဲလဲတော့

ကျောင်းမတက်ပဲ တစ်ရက်2,500ကျပ်နဲ ဈေးဆိုင်ကူရောင်းရင်း လုပ်ကျွေးလာတာ အမေဆုံးတော့လည်း ဆိုင်မှာယူထားတဲ့အမေ့ဆေးဖိုးအကြွေးကိုတစ်ရက် 1,000ကျပ်ဆပ်ရင်း မောင်လေးနှစ်ယောက်ကိုကျွေးနေ

ရှာတယ်။ အိမ်ပြန်ရောက်ရင် သမီးကြီးကဘာမှမစားတော့ဘူး သူစားခဲ့ပြီးပဲပြောပြီး အငယ်လေးနှစ်ယောက်ကိုပဲကျွေးတယ်လေ သားလတ်ကတော့အခုလက်ရှိမှာ ကိုရင်ဝတ်နေတယ် ကျောင်းဖွင့်ရင်တော့ကိုရင်ထွက်မယ်နဲ့

တူပါတယ်။ သားငယ်လေး သူ့ကိုမွေးတဲ့အချိန် အမေမှာရောဂါရှိနေပြီမို့ ရင်သွေးကို နို့မတိုက်ရဘူးဆိုတာသိပေမယ့် နို့မှုန့်ဖိုးမတတ်နိုင်လို့ နို့တိုက်မွေးလာကြတာ အာ့တာကြောင့်သားငယ်လေးမှာ ရောဂါကူးစက်နေမလား

ဆိုတာစိတ်ပူစရာမို့ စစ်ဆေးမှုတွေလုပ်ပေးရမှာပါ။ လက်ရှိကျန်နေတဲ့မြေကွက်လေးက 8ပေ14ပေ/အိမ်အနေအထားကတော့ကျောခင်းလို့ရတယ်ဆိုရုံ မိုးမလုံလေမလုံအခြေအနေ အိမ်သာမရှိလို့ နောက်ဖေးမှာအုတ်နီခဲ

လေးနှစ်ခုချ ကျွတ်ကျွတ်အိတ်နဲ့ပါရတဲ့အဖြစ် ဆွေမျိုးတွေဆိုတာလည်း မိဘနှစ်ယောက်လုံးA ရောဂါသည်မှန်းသိတည်းကဖယ်ကျဉ်ထားကြတယ်။ အဖေရဲ့အဖွားဖြစ်သူကလည်းကျန်တဲ့ ချွေးမတွေနဲ့အဆင်မပြေတော့

မြေးသုံးယောက်ကိုစောင့်ရှောက်ရင်း တူတူလာနေပေးတယ် အဖွားအသက်က 67နှစ် ကျနော်လုပ်ပေးချင်တာလေးကတော့ ၁။ ပထမ သူတို့အိမ်လေး လုံခြုံအောင်ပြုပြင်ပေးချင်တယ်။ ၂။ ဖြစ်နိုင်ရင်အပေါင်ဆုံးသွားတဲ့

နောက်ဖေးမြေကွက်လေးပြန်ဝယ်ပေးချင်တယ် ဒါမှအိမ်သာလေးဆောက်ဖို့မြေရှိလာမှာ။ ၃။ သမီးကြီးကိုကျောင်းပြန်တက်စေချင်တယ်။ ၄။ လစဉ်ထောက်ပံ့ပေးတာမလုပ်နိုင်တော့ မိသားစုကိုတစ်ခုခုရောင်းဖို့ အရင်း

တည်ပေးချင်တယ်။ အလှူငွေရတဲ့အခြေအနေပေါ်မူတည်ပြီး ပထမ ဒုတိယ တတိယ စတုတ္ထ တစ်ဆင့်ချင်း လုပ်ပေးနိုင်အောင်ကြိုးစားကြည့်ချင်ပါတယ် တစ်ယောက်အားနဲ့မနိုင် အများအားနဲ့ဆိုရင် မိဘမဲ့မောင်နှမသုံးယောက်

အတွက် အောင်မြင်စွာကူပေးနိုင်မယ် ဆိုတာယုံကြည်လို့ တစ်ဦးတစ်ယောက်စီကနေ အလှူငွေ နည်းများမဆိုကူပေးကြပါအုံးနော်။ မိဘမဲ့ကလေးဖြစ်တိုင်း မိဘမဲ့ဂေဟာသွားရမယ်ဆိုတာ ကျနော်မဖြစ်ချင်ဆုံးဆန္ဒပါ

အတတ်နိူင်ဆုံးမောင်နှမတွေ တူတူနေကြပြီး ရှင်သန်စေချင်တယ် ကလေးတွေနေရပ်ကတော့ တောင်တွင်းကြီးမြို့ပါ။ ရွှေစင်ငြိမ်းသူကွန်ရက်။ 09259768499 ခရက်ဒစ်