ဂရုဏာရှင် ဆေးကျောင်းသူလေးကို ကူညီပေးကျပါ
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဒီပို့စ်လေးကို မြင်တွေ့ရသူတိုင်းက မလှူနိူင်ရင်တောင် ကူညီမဲ့အလှူရှင်ပေါ်ပေါက်အောင် သူများ တွေ့မြင်နိုင်အောင် ဝိုင်းရှယ်ပေးကြပါဦးနော်။ လူနာစောင့် မပါတဲ့လူနာ အဘိုးတစ်ယောက်ကို ပြုစုရင်းရောဂါကူးခဲ့လို့
ဆေးအလုံး၅၀ ထိုးရတော့မယ် ဆေးကျောင်းသူလေး သမီးလေးနာမည်က ဖူးဖူးမြတ်နိုး အသက်က၂၀ပဲရှိပါသေးတယ်။ မကွေးဆေးတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ တတိယနှစ် ဆေးကျောင်းသူ တစ်ယောက်ပါ။
မကွေးဆေးရုံမှာ စာတွေ့လက်တွေ့ပညာသင်ကြားရင်း လူနာစောင့်မပါတဲ့ လူနာအဘိုးအိုကို သနားလို့ ပြုစုကူညီပေးခဲ့ပါတယ်။ အဲ့နောက်မှာ လူနာအဘိုးအိုဆီက တီဘီရောဂါ ကူးစက်ခံခဲ့ရပြီး တီဘီပိုးကြောင့် ဦးနှောက်
အမှေးပါး ရောင်ရောဂါပိုးပါဝင်လာခဲ့ပြီး မကွေးဆေးရုံတက်ခဲ့ပါတယ်။ အခုမကွေးဆေးရုံကနေ မန်းလေးပြည်သူဆေးရုံကြီး၊ဦးနှောက်နဲ့ အာရုံကြောကုသဆောင် ကိုလွှဲပေးလိုက်ပါတယ်။ ဆေးရုံက အခမဲ့ကုသပးနေပေမယ့်
Acyclovir ဆိုတဲ့ ဆေးကဆေးရုံမှာ ခဏပြတ်နေလို့ အပြင်ကဝယ်ရမှာပါ။ ထိုးဖို့ဆေးက အလုံး၅၀ထိုးရမှာ ကုန်ကျမှာက ငါးသိန်းနှစ်သောင်းငါးထောင်ဆိုတော့ လမ်းလုပ်သားတွေဖြစ် တဲ့သမီးလေးရဲ့
မိဘတွေကလဲ မတတ်နိုင်ရှာဘူးဖြစ်နေတယ်။ ဒါကြောင့် စေတနာရှင်အလှုရှင်များ ဝိုင်းဝန်းကူညီပေးကြပါဦး။ ONE TO ONE ပြည်သူ့ကူညီရေး။ ကိုဝမ်း ဖုန်း ၀၉၄၄၄၆၆၆၅၈၆။ မန္တလေးမြို့။ခရက်ဒစ် Tun Myint (Fb post)