ကျူးကျော်တဲမှသည် နိုင်ငံဂုဏ်ဆောင်ခဲ့သည့် ညီမငယ်လေး






ယူနီကုဒ်ဖြင့် ဖတ်ရန်

ရန်ကုန်မြို့ တစ်ဖက်ကမ်းက မကြာခင် တိုးတက်လာနိုင်ခြေရှိတယ်လို့ လူအများက ထင်ကြေးပေးနေကြတဲ့

ဒလမြို့ထဲမှာရှိတဲ့ ကျူးကျော်ရပ်ကွက်ထဲမှာ အားကစားနဲ့ မြန်မာနိုင်ငံကို လူသိများအောင် ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အသက်၁၈ နှစ်အရွယ်

မိန်းမပျိုလေးတစ်ဦး နေထိုင်လျက်ရှိပါတယ်။သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကာယဗလနဲ့ ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွေမှာ

ရွှေတံဆိပ် နှစ်ခုနဲ့ ငွေတံဆိပ် တစ်ခု ရရှိထားပါတယ်။အဲဒီနောက် ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ကာယဗလနဲ့

ကာယကြံ့ခိုင်မှု အငယ်တန်း ပြိုင်ပွဲမှာ တတိယ ဆုကို ဆွတ်ခူး ရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ကို ဆောင်ပေး ခဲ့သူပါ။