ယူနီကုဒ်ဖြင့် ဖတ်ရန်
မိန်းကလေးလို ဝတ်ထားလိုက်ရင် သာမာန်မိန်းကလေးတွေတောင်ရှုံးလောက်တဲ့ အလှပိုင်ရှင်တစ်ဦးဖြစ်ပြီး ယောက်ျားလေးလို ဝတ်ထားတဲ့အချိန်မှာလည်း တကယ့်ကောင်လေးချောချောတစ်ယောက်ဖြစ်နေတဲ့ နေဆန်းကိုလည်း အားလုံးသိကြမယ်ထင်ပါတယ်။
နေဆန်းကလည်း Tik Tok နဲ့ ဖေ့ဘုတ် မှာ ဟာသ ဗီဒီယိုလေးတွေကိုတင်ပြီး ပရိသတ်တွေကို ဟာဒယရွှင်ဆေး တိုက်ကျွေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ အခုဆိုရင် ထိုင်းနိုင်ငံက ကုမ္ပဏီတချို့နဲ့လည်း အလုပ်တွေ လုပ်ကိုင်နေပြီဖြစ်ပါတယ်။
အခုပြောချင်လွန်းလို့ ပရိသတ်တွေကို ဖော်ပြပေးသွားတဲ့ အကြောင်းလေးကတော့ နေဆန်းက သူ့ ဝေဖန်ခံရတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ပြောပြသွားတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း အခြောက်လို ဝတ်မှ ပိုက်ဆံရမယ်ဆို မလုပ်ဘူး လို့
အပြောခံရတဲ့ အပေါ်မှာလည်း “ အချို့ဆိုရင်တော့ ပြောကြပါတယ်။ နေဆန်းဆိုလို့ရှိရင် ကိုယ့်အမေကိုကိုယ် ပိုက်ဆံနဲ့ သိန်း၁၀၀ ၂၀၀ ကန်တော့လိုက်တဲ့အခါကျတော့ သူတို့တွေပြောကြတာပေါ့။ ဒီအခြောက်လို ဝတ်ပြီးမှ ချမ်းသာလာမယ်ဆို
ပိုက်ဆံရလာမယ်ဆို သူတို့က မဝတ်ဘူး လို့ပြောကြတယ်။ အဲ့ဒါက အဲ့ဒီလို အတွေးဆိုရင်တော့ မှားတယ်လို့ ထင်တယ်။ နေဆန်း တင်လိုက်တဲ့ ပိုက်ဆံတွေက နေဆန်းကြွားတာလည်း မဟုတ်ဘူး။ နေဆန်း အမေကိုကန်တော့နေတဲ့ Video လေးကိုတော့
ကိုယ့်ကိုကြည့်တဲ့ သူတွေဆိုရင်တော့ ပေးအားကျစေချင်တယ်။ သူတို့ ကိုယ့်ကို အားကျလို့ရှိရင်တော့ ကိုယ်ကလည်း ကုသိုလ်ရတယ်။ အခြောက်လိုဝတ်ပြီးမှ ပိုက်ဆံရမယ်ဆို မလုပ်ဘူးဆိုတဲ့ သူတွေကို ပြန်လည်ချေပလိုက်တဲ့ နေဆန်းဟာ
သူကအဲ့ဒီလောက်ထိ ပိုက်ဆံတွေ လုပ်နိုင်တယ် ငါကလည်း ဘာဝါသနာပါလည်း ဥပမာ ဆိုင်ကယ်ပြင်မှာလည်း ကားပြင်မှာလား ဒီ Speaking တက်မှာလား ကိုယ်ဖြစ်ချင်တာတွေကို ကြိုးစားဖို့လိုတယ်ပေါ့နော်။ နေဆန်းဆိုလိုတာကလေ နေဆန်းကိုကြည့်ပြီးတော့ သူ့လို
အခြောက်လုပ်ပြီးတော့ ငါကလုပ်ရမှာလား ဆိုတဲ့ အဲ့ဒီလို အတွေးလည်းမဟုတ်ပါဘူး။ ဒါကနေဆန်းရဲ့ လုပ်နိုင်တဲ့ နေဆန်းရဲ့ အလုပ် ဥပမာပေါ့ ကိုယ်က ဘာလုပ်နိုင်လည်း ဆိုင်ကယ်ပြင်မယ်ဆိုရင်လည်း ကြိုးစားပါ။ သူလို့မျိုး
ဖြစ်အောင်ကြိုးစားမယ် အခြောက်လိုလုပ်ပြီးမှ ပိုက်ဆံရမယ်ဆိုတာ နေဆန်းလည်း အဲ့ဒီလိုမပြောပါဘူး။”ဆိုပြီး ပြောပြသွားပါတယ်။အခြောက်လိုဝတ်ပြီးမှ ပိုက်ဆံရမယ်ဆို မလုပ်ဘူးဆိုတဲ့ သူတွေကို ပြန်လည်ချေပလိုက်တဲ့ နေဆန်း