ချင်းလူမျိုးများသိရှိဖို့ အရေးကြီးနေတာကြောင့် ရှဲ ခြင်းဖြင့် မိမိလူမျိုးတွေကို ကယ်ထုတ်နိုင်ကြပါစေ
ယူနီကုဒ်ဖြင့် ဖတ်ရန်
ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့တဲ့ ချင်းလူမျိုးတွေဟာ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည် ကိုယ့်ပြည်နယ် ကမ္ဘာမြေအကျယ်ကြီးရှိပါရက်နဲ့ နေရာမရနိုင်ဘူး ဖြစ်နေကြပြီ။
ချင်းပြည်နယ်ရှိ ချင်းလူမျိုး ချင်းလူကြီးတွေကတော့ ဘယ်လိုဆွေးနွေးတိုင်ပင်ကြပြီလဲတော့ မသိရပေမယ့် ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ချင်းလူမျိုးတွေကတော့
AA စစ်ဦးကြီးချူပ် ခိုင်သုခ ပြောသလို နေထိုင်ဖို့နေရာ ပျောက်ကွယ်နေကြပါပြီ။ မကွေးတိုင်းဘက်ကလဲမလို ဟိုဘက်ကလဲ မလို ဒီဘက်ကလဲ မလို ဘင်ဂလီ ထက် အခြေနေဆိုးတော့မယ်။
အကယ်၍သာ ရခိုင်ပြည်နယ်မှာ နေထိုင်ခွင့်မရကြတော့ဘူးဆိုတော့ ရခိုင်ပြည်နယ်က ချင်းလူမျိုးတွေ ချင်းပြည်နယ်ထဲ နေရာချထားပေးဖို့ လိုအပ်လာပါပြီ။ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ချင်းလူမျိုးအများစုကလဲ
မိမိတို့ဌာနေမှာသာ ချင်းပြည်နယ် အစိုးရက နေရာပေးလက်ခံလိုက်မယ်ဆိုရင် သူတို့ဟာ ပြောင်းရွေ့ဖို့ အသင့်ဖြစ်နေကြပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ် နှင့် ရခိုင်လူမျိုးတွေရဲ့
အနိုင်ကျင့် ဗိုလ်ကျတာ ခံနေရပါတယ်။ ချင်းလူမျိုးများအနေနဲ့ မိမိတို့၏ လူမျိုးမိမိတို့ ချစ်တယ်ဆိုရင်တော့ အကောင်းဆုံးမဖြစ်နိုင်ရင်တောင် အဆိုးဆုံးအခြေနေမရောက်အောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုချင်ပါတယ်။
သမ္မတ ဗန်ထီးယူ နှင့် ချင်းပြည်နယ် ဝန်ကြီးချူပ်တွေ သေဆုံးနေကြပြီလား အသက်ရှင်နေကြသေးသလား လို့ မသိရပေမယ့် မပြောရက်တော့ပါဘူး။ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ အရှိုချင်း၊ ခမီချင်း၊
မြိုချင်း လူမျိုးတွေ ရခိုင်တွေသတ်လို့ လူမျိုးစုအကုန် ပျောက်ကွယ်သွားမယ့် အနေထားမှာ ရှိနေပါတယ်။ ခုလဲ ရာနဲ့ချီသော အိမ်ထောင်စု ၇၀၀ မကွေး နဲ့ ချင်းပြည်နယ်ထဲကို မောင်းထုတ်ခံရတာ မိမိတို့အသိဆုံး ဖြစ်နေမှာပါ။
သူတို့တွေဟာ မိမိတို့၏ ဌာနေ မှာသာ ပြောင်းရွေ့နေထိုင်နိုင်ကြမယ်ဆိုရင်တော့ အလုပ်အကိုင် အစားအသောက် ရှားပါးနေသော်လဲ သူတို့အများစုကတော့ သဘောတူ ကျေနပ်ကြမယ်လို့ မျော်လင့်ရင်း ချင်းလူမျိုးတိုင်းကို အကြံညဏ်ပေးလိုက်ရပါသည်။
ဒီအကြောင်းကို မဆဲဆိုပဲ Cm တွင် ကောင်းမွန်စွာ ဆွေးနွေးတိုင်ပင်ကြမယ်ဆိုရင်ဖြင့် အလွန်ကောင်းသည့် အနေထားရရှိကြရလိမ့်မည်ဟု မိမိအနေနဲ့ မြင်မိပါသည်။ ရှယ် ခြင်းဖြင့်ကူညီပြီး မိမိတို့၏ အမျိုးရင်းတွေလဲ သိရှိနိုင်ကြပါစေ အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေ။ ခရက်ဒစ်