လူ(၁၁၂)ဦးကို ဂူထဲမွာဝွက္ထားတဲ့ လူေမွာင္ခိုဂိုဏ္းကို ေထာင္ဒဏ္ႏွစ္ တစ္ေထာင္ေက်ာ္ျပစ္ဒဏ္ခ်

ဥေရာပႏိုင္ငံေတြဆီကို တရားမဝင္ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအား လူေမွာင္ခိုသြင္းဖို႔ အတြက္ ဂရိႏိုင္ငံအတြင္းက ဂူတစ္ခုအတြင္းမွာ ဝွက္ထားၿပီး စီစဥ္ေနတဲ့ မဟာလူေမွာင္ခိုဂိုဏ္းတစ္ခုကို ရဲတပ္ဖြဲ႕က ဖမ္းဆီးေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။

အဆိုပါ လူေမွာင္ခိုဂိုဏ္းမွာ ပါဝင္ ပတ္သက္သူေတြ အားလုံးကို စုစုေပါင္း ေထာင္ဒဏ္ (၁,၄၀၀)ႏွစ္ ေက်ာ္ ခ်မွတ္ခဲ့တယ္လို႔သိရပါတယ္။ဂရိႏိုင္ငံက ဂူအတြင္းမွာ ပုန္းေအာင္းေနထိုင္သူ အေရအတြက္ဟာ (၁၁၂)ဦး အထိရွိၿပီး သူတို႔အားလုံးဟာ

ပင္လယ္ခရီးရွည္ ျဖတ္သန္းၿပီး ဥေရာပထဲကို ခိုးဝင္လာၾကသူေတြပဲ ျဖစ္ပါတယ္။ အမ်ားစုမွာ ဆီရီးယား၊ အာဖဂန္၊ အီရက္၊ အီရန္၊ ပါကစၥတန္ ႏိုင္ငံေတြမွျဖစ္ၿပီး၊အဆိုပါ ေမွာင္ခိုဂိုဏ္းဟာ ေ႐ႊ႕ေျပာင္းလုပ္သား တစ္ဦးခ်င္းဆီအတြက္ ေပါင္(၃,၅၀၀)အထိရရွိတယ္လို႔ သိရပါတယ္။

ႏိုင္ငံလုံးဆိုင္ရာ ရာဇဝတ္မႈေဖာ္ထုတ္ေရးေအဂ်င္စီ (NCA) ရဲ႕ စုံစမ္းမႈနဲ႔ မဟာလူေမွာင္ခိုဂိုဏ္းကို ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး အဓိကႀကိဳးကိုင္ေတြျဖစ္ၾကတဲ့ ျပစ္မႈက်ဴးလြန္သူ အာဖဂန္(၂)ဦး၊ ဆီးရီယားတစ္ဦးတို႔ကို တစ္ဦးလွ်င္ ေထာင္ဒဏ္ ႏွစ္(၃၆၀)ဆီ ခ်မွတ္ခဲ့သလို၊

အီရက္တစ္ဦးကိုေတာ့ ေထာင္ဒဏ္ (၃၅၇)ႏွစ္အထိ ခ်မွတ္ခဲ့တာပဲ ျဖစ္ပါတယ္။ အပိုထပ္ေဆာင္း ျပစ္ဒဏ္အျဖစ္ လူေမွာင္ခိုဂိုဏ္းဝင္မွန္သမွ်ကို ဒဏ္ေၾကး ယူ႐ို(၁)သန္းဆီ ျပစ္ဒဏ္ခ်မွတ္ခဲ့သလို၊ အျခားအဖြဲ႕ဝင္ (၇)ဦးကိုေတာ့

​ေထာင္ဒဏ္(၆)ႏွစ္နဲ႔(၁၂)ႏွစ္ၾကားအထိ အသီးသီး ခ်မွတ္ခဲ့ေၾကာင္း သိရပါတယ္။လူေမွာင္ခိုအကူးခံရတဲ့ လူေပါင္း (၁၁၂)ဦးထဲမွာ မိန္းမနဲ႔ကေလးေတြလည္း ပါဝင္ခဲ့ၿပီး၊ သူတို႔ကို (၂၀၁၇) မတ္လမွာ ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ သို႔ေသာ္လည္း ဒီျပစ္မႈေတြကို

​ေဖာ္ထုတ္မႈ မျပဳလုပ္ႏိုင္ခဲ့ခင္မွာ လူေမွာင္ခိုဂိုဏ္းဟာ ဥေရာပအတြင္းကို တရားမဝင္ေ႐ႊ႕ေျပာင္း လုပ္သား ဘယ္ႏွစ္ဦးေလာက္အထိ ပို႔သြင္းခဲ့ၿပီးၿပီဆိုတာကိုေတာ့ အခုအခ်ိန္အထိ အတိအက် မသိရေသးပါဘူးလို႔ဆိုပါတယ္။ ဒါ့အျပင္ အဲဒီလူေမွာင္ခိုဂိုဏ္းဟာ Crete ၿမိဳ႕အေျခစိုက္

ရာဇဝတ္မႈ ႏွိမ္ႏွင္းေရးအဖြဲ႕မွ အရာရွိ(၆)ဦးလည္း ပါဝင္ပတ္သက္ ခဲ့ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ၎အရာရွိေတြကိုေတာ့ ၿပီးခဲ့တဲ့လက ေထာင္ဒဏ္ (၅)ႏွစ္စီ ျပစ္ဒဏ္ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။(မူရင္ဘာသာျပန္ဆိုေရးသားသူအား ေလးစားစြာျဖင့္ခရက္ဒစ္ေပးပါတယ္ခင္မ်ာ)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ဥရောပနိုင်ငံတွေဆီကို တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား လူမှောင်ခိုသွင်းဖို့ အတွက် ဂရိနိုင်ငံအတွင်းက ဂူတစ်ခုအတွင်းမှာ ဝှက်ထားပြီး စီစဉ်နေတဲ့ မဟာလူမှောင်ခိုဂိုဏ်းတစ်ခုကို ရဲတပ်ဖွဲ့က ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဆိုပါ လူမှောင်ခိုဂိုဏ်းမှာ ပါဝင် ပတ်သက်သူတွေ အားလုံးကို စုစုပေါင်း ထောင်ဒဏ် (၁,၄၀၀)နှစ် ကျော် ချမှတ်ခဲ့တယ်လို့သိရပါတယ်။ဂရိနိုင်ငံက ဂူအတွင်းမှာ ပုန်းအောင်းနေထိုင်သူ အရေအတွက်ဟာ (၁၁၂)ဦး အထိရှိပြီး သူတို့အားလုံးဟာ

ပင်လယ်ခရီးရှည် ဖြတ်သန်းပြီး ဥရောပထဲကို ခိုးဝင်လာကြသူတွေပဲ ဖြစ်ပါတယ်။ အများစုမှာ ဆီရီးယား၊ အာဖဂန်၊ အီရက်၊ အီရန်၊ ပါကစ္စတန် နိုင်ငံတွေမှဖြစ်ပြီး၊အဆိုပါ မှောင်ခိုဂိုဏ်းဟာ ရွှေ့ပြောင်းလုပ်သား တစ်ဦးချင်းဆီအတွက် ပေါင်(၃,၅၀၀)အထိရရှိတယ်လို့ သိရပါတယ်။

နိုင်ငံလုံးဆိုင်ရာ ရာဇဝတ်မှုဖော်ထုတ်ရေးအေဂျင်စီ (NCA) ရဲ့ စုံစမ်းမှုနဲ့ မဟာလူမှောင်ခိုဂိုဏ်းကို ဖော်ထုတ်နိုင်ခဲ့ပြီး အဓိကကြိုးကိုင်တွေဖြစ်ကြတဲ့ ပြစ်မှုကျူးလွန်သူ အာဖဂန်(၂)ဦး၊ ဆီးရီယားတစ်ဦးတို့ကို တစ်ဦးလျှင် ထောင်ဒဏ် နှစ်(၃၆၀)ဆီ ချမှတ်ခဲ့သလို၊

အီရက်တစ်ဦးကိုတော့ ထောင်ဒဏ် (၃၅၇)နှစ်အထိ ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အပိုထပ်ဆောင်း ပြစ်ဒဏ်အဖြစ် လူမှောင်ခိုဂိုဏ်းဝင်မှန်သမျှကို ဒဏ်ကြေး ယူရို(၁)သန်းဆီ ပြစ်ဒဏ်ချမှတ်ခဲ့သလို၊ အခြားအဖွဲ့ဝင် (၇)ဦးကိုတော့

ထောင်ဒဏ်(၆)နှစ်နဲ့(၁၂)နှစ်ကြားအထိ အသီးသီး ချမှတ်ခဲ့ကြောင်း သိရပါတယ်။လူမှောင်ခိုအကူးခံရတဲ့ လူပေါင်း (၁၁၂)ဦးထဲမှာ မိန်းမနဲ့ကလေးတွေလည်း ပါဝင်ခဲ့ပြီး၊ သူတို့ကို (၂၀၁၇) မတ်လမှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ဒီပြစ်မှုတွေကို

ဖော်ထုတ်မှု မပြုလုပ်နိုင်ခဲ့ခင်မှာ လူမှောင်ခိုဂိုဏ်းဟာ ဥရောပအတွင်းကို တရားမဝင်ရွှေ့ပြောင်း လုပ်သား ဘယ်နှစ်ဦးလောက်အထိ ပို့သွင်းခဲ့ပြီးပြီဆိုတာကိုတော့ အခုအချိန်အထိ အတိအကျ မသိရသေးပါဘူးလို့ဆိုပါတယ်။ ဒါ့အပြင် အဲဒီလူမှောင်ခိုဂိုဏ်းဟာ Crete မြို့အခြေစိုက်

ရာဇဝတ်မှု နှိမ်နှင်းရေးအဖွဲ့မှ အရာရှိ(၆)ဦးလည်း ပါဝင်ပတ်သက် ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းအရာရှိတွေကိုတော့ ပြီးခဲ့တဲ့လက ထောင်ဒဏ် (၅)နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။(မူရင်ဘာသာပြန်ဆိုရေးသားသူအား လေးစားစွာဖြင့်ခရက်ဒစ်ပေးပါတယ်ခင်မျာ)