အကယ္ဒမီက က်ေနာ္တို႔နဲ႔ မဆိုင္သလိုပါပဲဆိုတဲ့ သ႐ုပ္ေဆာင္ ေဇာ္ဝင္းႏိုင္

ဝါရင့္ ဇာတ္ပို႔သ႐ုပ္ေဆာင္ တဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ ေဇာ္ဝင္းႏိုင္ကေတာ့ ဇာတ္ကားတိုင္းကို ႀကိဳးစားေနၿပီး အကယ္ဒမီဆိုတာ

သူနဲ႔ မဆိုင္သလိုပါပဲလို႔ ေျပာပါတယ္။ “ကားတိုင္းလည္း ႀကိဳးစားတာပါပဲ။ အကယ္ဒမီကေတာ့ က်ေနာ္တို႔နဲ႔က သိပ္မဆိုင္သလိုပဲေလ။

က်န္တဲ့သူက ဆိုင္ရင္ဆိုင္မယ္။ က်ေနာ့္အတြက္ပါ။ ဒါကိုေခါင္းထဲမွာ မရွိပါဘူး။ ရေစခ်င္လို႔ ေျပာၾကတာကိုေတာ့ ေက်းဇူးတင္ပါတယ္” လို႔

ေဇာ္ဝင္းႏိုင္က ေျပာပါတယ္ အခုေခတ္မွာေတာ့ ကိုယ့္ကိုယ္ကိုယ္ ခ်ိဳးႏွိမ္ထားတာေတာင္ အဆဲခံရတဲ့ေခတ္ျဖစ္တဲ့အတြက္ ဘယ္ေလာက္

ေတာ္တယ္ တတ္တယ္ဆိုတာကို ေျပာလိုက္မိရင္ ဝိုင္းဆဲၾကမွာျဖစ္တယ္လို႔ ေျပာပါတယ္။“ကိုယ့္ကိုယ္ကိုယ္ ခ်ိဳးႏွိမ္ထားတာေတာင္ အဆဲခံရတယ္။

ဒီေခတ္က က်ဳပ္ဘယ္ေလာက္ ေတာ္တယ္မွတ္လဲ၊ က်ဳပ္သ႐ုပ္ေဆာင္လိုက္တာ က်န္တဲ့သူေတြ ေသေရာဆိုရင္ ဝိုင္းဆဲၾကမွာ။

ကိုယ့္ကိုယ္ကိုယ္ ခ်ိဳးႏွိမ္ထားတာေတာင္ အဆဲခံရတဲ့ေခတ္ဆိုေတာ့ ဒီလိုပဲေျပာတတ္ပါတယ္” လို႔ ေဇာ္ဝင္းႏိုင္က ေျပာပါတယ္

ေဇာ္ဝင္းႏိုင္ကေတာ့ အႏုပညာသက္တမ္းအရ သက္တမ္းတခုထိ ေရာက္လာခဲ့ၿပီဆိုေပမယ့္ သူ႔ရဲ႕စိတ္ထဲမွာေတာ့ မူႀကိဳေလာက္ပဲ

ရွိေသးတယ္လို႔ ဆိုပါတယ္။“က်ေနာ္တို႔ အေနအထားကေတာ့ ကိုယ္ႏိုင္သေလာက္၊ တတ္သေလာက္ ႀကိဳးစားထားတဲ့သူေတြပါပဲ။

အားရသလား ဆိုေတာ့ အားမရဘူး။ ဘယ္ကားမွ အားမရဘူး။ ကိုယ့္အတြက္ လိုေသးတယ္ေပါ့။ က်ေနာ့္ရဲ႕လုပ္သက္အရ ဒီေန႔အထိ ဆိုရင္

ကိုယ့္ရဲ႕စိတ္ထဲမွာ အႏုပညာက မူႀကိဳေလာက္ပဲ ရွိေသးတယ္။ လုံးဝကို အားမရေသးပါဘူး။ ႀကိဳးစားရဦးမွာပါ” လို႔ ေဇာ္ဝင္းႏိုင္က ေျပာပါတယ္

႐ုံတင္ျပသေတာ့မွာျဖစ္တဲ့ “႐ိုးမေပၚက်တဲ့ မ်က္ရည္” ႐ုပ္ရွင္ကားထဲမွာ အရက္ အၿမဲေသာက္ေနတတ္တဲ့ ေက်ာင္းဆရာ တေယာက္ေနရာက

သ႐ုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။ “ကာ႐ိုက္တာကေတာ့ ေက်ာင္းဆရာ ေက်ာင္းအိုႀကီးရဲ႕ ပထမဦးဆုံးေရာက္လာတဲ့

ေက်ာင္းဆရာ ငမူး၊ အၿမဲတမ္း မူးေနတယ္။ ေက်ာင္းအေပၚမွာ တာဝန္ မေက်ခဲ့ဘူး။ ဒါေၾကာင့္မို႔ သူတာဝန္ မေက်ခဲ့တာလည္း ခံစားမႈရွိတယ္။

အဲ့ခံစားမႈကို သိခ်င္ရင္ေတာ့ ဇာတ္ကားလာၾကည့္ပါလို႔ ေျပာခ်င္တယ္” လို႔ ေဇာ္ဝင္းႏိုင္က ေျပာပါတယ္ အႏုပညာကိုဖန္တီးတဲ့ေနရာမွာ

အခက္အခဲဆိုတာ အမ်ားႀကီးရွိၿပီး ဘယ္အရာမွ မလြယ္ကူဘူးလို႔လည္း သူက ဆိုပါေသးတယ္။“အခက္အခဲေတြကေတာ့ အမ်ားႀကီးရွိတယ္။

ဘယ္အရာမွ လြယ္တဲ့အရာ မဟုတ္ဘူးေလ။ လြယ္လြယ္နဲ႔ စံပယ္ပြင့္ရင္ ေခါင္းတိုင္း ေဖြးသြားမွာေပါ့။ ဘယ္အရာမွ မလြယ္ဘူး။

ေမြးခါစ ကေလးေတာင္ သူ႔လက္နဲ႔ ေရမေသာက္တတ္ေတာ့ ပါးစပ္ကို လက္ကေလးနဲ႔ တို႔ေပးရတယ္။ က်ေနာ္တို႔က

အႏုပညာႀကီးတခုကို အသက္သြင္းတာဆိုေတာ့ အင္မတန္ ခက္ပါတယ္” လို႔ ေဇာ္ဝင္းႏိုင္က ေျပာပါတယ္ ဝါရင့္ ဇာတ္ပို႔သ႐ုပ္ေဆာင္

ေဇာ္ဝင္းႏိုင္ကေတာ့ သူ႔ရဲ႕အႏုပညာ သက္တမ္းတေလွ်ာက္ ဇာတ္ကားမ်ားစြာထဲမွ “ဘိသိက္ၿပိဳင္” ဆိုတဲ့ ဇာတ္ကားကေတာ့

ပရိသတ္မ်ား သေဘာက် ႏွစ္သက္ခဲ့ရၿပီး ရသတမ်ိဳးေပးခဲ့တဲ့ ဇာတ္ကားေကာင္းတကား ျဖစ္ခဲ့ပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဝါရင့် ဇာတ်ပို့သရုပ်ဆောင် တဦးဖြစ်တဲ့ သရုပ်ဆောင် ဇော်ဝင်းနိုင်ကတော့ ဇာတ်ကားတိုင်းကို ကြိုးစားနေပြီး အကယ်ဒမီဆိုတာ

သူနဲ့ မဆိုင်သလိုပါပဲလို့ ပြောပါတယ်။ “ကားတိုင်းလည်း ကြိုးစားတာပါပဲ။ အကယ်ဒမီကတော့ ကျနော်တို့နဲ့က သိပ်မဆိုင်သလိုပဲလေ။

ကျန်တဲ့သူက ဆိုင်ရင်ဆိုင်မယ်။ ကျနော့်အတွက်ပါ။ ဒါကိုခေါင်းထဲမှာ မရှိပါဘူး။ ရစေချင်လို့ ပြောကြတာကိုတော့ ကျေးဇူးတင်ပါတယ်” လို့

ဇော်ဝင်းနိုင်က ပြောပါတယ် အခုခေတ်မှာတော့ ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်ထားတာတောင် အဆဲခံရတဲ့ခေတ်ဖြစ်တဲ့အတွက် ဘယ်လောက်

တော်တယ် တတ်တယ်ဆိုတာကို ပြောလိုက်မိရင် ဝိုင်းဆဲကြမှာဖြစ်တယ်လို့ ပြောပါတယ်။“ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်ထားတာတောင် အဆဲခံရတယ်။

ဒီခေတ်က ကျုပ်ဘယ်လောက် တော်တယ်မှတ်လဲ၊ ကျုပ်သရုပ်ဆောင်လိုက်တာ ကျန်တဲ့သူတွေ သေရောဆိုရင် ဝိုင်းဆဲကြမှာ။

ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်ထားတာတောင် အဆဲခံရတဲ့ခေတ်ဆိုတော့ ဒီလိုပဲပြောတတ်ပါတယ်” လို့ ဇော်ဝင်းနိုင်က ပြောပါတယ်

ဇော်ဝင်းနိုင်ကတော့ အနုပညာသက်တမ်းအရ သက်တမ်းတခုထိ ရောက်လာခဲ့ပြီဆိုပေမယ့် သူ့ရဲ့စိတ်ထဲမှာတော့ မူကြိုလောက်ပဲ

ရှိသေးတယ်လို့ ဆိုပါတယ်။“ကျနော်တို့ အနေအထားကတော့ ကိုယ်နိုင်သလောက်၊ တတ်သလောက် ကြိုးစားထားတဲ့သူတွေပါပဲ။

အားရသလား ဆိုတော့ အားမရဘူး။ ဘယ်ကားမှ အားမရဘူး။ ကိုယ့်အတွက် လိုသေးတယ်ပေါ့။ ကျနော့်ရဲ့လုပ်သက်အရ ဒီနေ့အထိ ဆိုရင်

ကိုယ့်ရဲ့စိတ်ထဲမှာ အနုပညာက မူကြိုလောက်ပဲ ရှိသေးတယ်။ လုံးဝကို အားမရသေးပါဘူး။ ကြိုးစားရဦးမှာပါ” လို့ ဇော်ဝင်းနိုင်က ပြောပါတယ်

ရုံတင်ပြသတော့မှာဖြစ်တဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ကားထဲမှာ အရက် အမြဲသောက်နေတတ်တဲ့ ကျောင်းဆရာ တယောက်နေရာက

သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ “ကာရိုက်တာကတော့ ကျောင်းဆရာ ကျောင်းအိုကြီးရဲ့ ပထမဦးဆုံးရောက်လာတဲ့

ကျောင်းဆရာ ငမူး၊ အမြဲတမ်း မူးနေတယ်။ ကျောင်းအပေါ်မှာ တာဝန် မကျေခဲ့ဘူး။ ဒါကြောင့်မို့ သူတာဝန် မကျေခဲ့တာလည်း ခံစားမှုရှိတယ်။

အဲ့ခံစားမှုကို သိချင်ရင်တော့ ဇာတ်ကားလာကြည့်ပါလို့ ပြောချင်တယ်” လို့ ဇော်ဝင်းနိုင်က ပြောပါတယ် အနုပညာကိုဖန်တီးတဲ့နေရာမှာ

အခက်အခဲဆိုတာ အများကြီးရှိပြီး ဘယ်အရာမှ မလွယ်ကူဘူးလို့လည်း သူက ဆိုပါသေးတယ်။“အခက်အခဲတွေကတော့ အများကြီးရှိတယ်။

ဘယ်အရာမှ လွယ်တဲ့အရာ မဟုတ်ဘူးလေ။ လွယ်လွယ်နဲ့ စံပယ်ပွင့်ရင် ခေါင်းတိုင်း ဖွေးသွားမှာပေါ့။ ဘယ်အရာမှ မလွယ်ဘူး။

မွေးခါစ ကလေးတောင် သူ့လက်နဲ့ ရေမသောက်တတ်တော့ ပါးစပ်ကို လက်ကလေးနဲ့ တို့ပေးရတယ်။ ကျနော်တို့က

အနုပညာကြီးတခုကို အသက်သွင်းတာဆိုတော့ အင်မတန် ခက်ပါတယ်” လို့ ဇော်ဝင်းနိုင်က ပြောပါတယ် ဝါရင့် ဇာတ်ပို့သရုပ်ဆောင်

ဇော်ဝင်းနိုင်ကတော့ သူ့ရဲ့အနုပညာ သက်တမ်းတလျှောက် ဇာတ်ကားများစွာထဲမှ “ဘိသိက်ပြိုင်” ဆိုတဲ့ ဇာတ်ကားကတော့

ပရိသတ်များ သဘောကျ နှစ်သက်ခဲ့ရပြီး ရသတမျိုးပေးခဲ့တဲ့ ဇာတ်ကားကောင်းတကား ဖြစ်ခဲ့ပါတယ်။ ခရက်ဒစ်