ပရဟိတအလုပ်တွေ မနားမနေ ဆက်တိုက်လုပ်ရာမှ အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေ









ယူနီကုဒ်ဖြင့် ဖတ်ရန်

တစ်ချိန်က ဆံပင်ရှည်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့နိုင်တဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေက

အသက်ကြီးလာတာနဲ့အမျှ ကောင်းသတင်းတွေနဲ့ ပိုပြီး နာမည်ကျော်လာပါတယ်။ ပရဟိတ မင်းသမီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် ပရဟိတစိတ်ဓာတ်ပြင်းထန်သူ ခိုင်နှင်းဝေက

“ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း” နဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” တို့ကို ဖွင့်လှစ်ထားသူတစ်ဦးပါ။ ခိုင်နှင်းဝေက သူမရဲ့ အနုပညာလုပ်ငန်းတွေ၊

အနုပညာလုပ်ငန်းတွေ နဲ့ လူမှုရေးလုပ်ငန်းတွေကို တစ်ရက်မှတောင် မနားပဲ ဆက်တိုက်လုပ်ကိုင်နေရတာမို့ ကျန်းမာရေးပါ ချို့ယွင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက အလုပ်တွေ မနားမနေ ဆက်တိုက်လုပ်ရာမှ ဆေးရုံပါရောက်ခဲ့ရတဲ့ အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် အခုလိုပဲ မျှဝေပြောပြလာပါတယ်။

“မနက်ကရိုက်ကူးရေး၊ နေ့လည်ကညီမလေးတွေနဲ့ Hot pot၊ ပြီးတော့ မျက်နှာ Skin Care၊ အခု ဗိုက်တွေအရမ်းအောင့်လို့ ဆေးရုံရောက် ” ဆိုပြီး

သူမရဲ့ အခြေအနေကို ပြောပြလာပါတယ်။ ခိုင်နှင်းဝေကတော့ သူမရဲ့ ကျန်းမာရေးကိုတောင် ဂရုမစိုက်ပဲ အလုပ်တွေ မနားမနေ

လုပ်ကိုင်တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေတစ်ယောက် ခံစားနေရတဲ့ ရောဂါဝေဒနာတွေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေလိုဆုတောင်းပေးလိုက်ပါတယ်နော်။