အောင်ထက်ရဲ့လက်မောင်းလေးကိုချိတ်ကာ ကြည်နူးပြုံးပျော်နေတဲ့ အဆိုတော်မလေး ပိုပို








ခရက်ဒစ်

ယူနီကုဒ်ဖြင့် ဖတ်ရန်

တေးသီချင်းတိုင်းကို ကိုယ်တိုင်ရေးသားသီဆိုသူကတော့ အဆိုတော်မလေး ပိုပိုပါ။ ပိုပိုဟာ ချစ်ဖူးခဲ့သမျှ တေးစီးရီးမှ တစ်ဆင့် ဂီတလောကကို

ဝင်ရောက်လာသူတစ်ယောက်ပါ။ သူမသီဆိုတဲ့ သီချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့ ခံစားချက်တွေနဲ့အမြဲတိုက်ဆိုင်လေ့ရှိနေတာပါ။

လတ်တလောမှာလည်း အဝေးသင်စာမေးပွဲပြီးစီးသွားပြီဖြစ်တာကြောင့် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပါပြီ။ သူမရဲ့ ဖြူစင်ရိုးသားတဲ့

စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေက ချစ်ခင်အားပေးနေရတာပါ။ ပိုပိုဟာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်များမှ

တစ်ဆင့် ပရိသတ်တွေကို ဝေမျှလေ့ရှိသူတစ်ယောက်ပါ။ အခုတစ်ခါမှာလည်း အဆိုတော် အောင်ထက်နဲ့ပုံလေးတွေကို တင်ထားတာပါ။

ပိုပိုဟာ အောင်ထက်ရဲ့ လက်မောင်းလေးကိုချိတ်ကာ ကြည်နူးပြုံးပျော်နေတာပါ။ ဒီပုံရိပ်လေးတွေကိုတော့ ပိုပိုရဲ့ အင်စတာဂရမ်

လူမှုကွန်ယက်တွင်တင်ထားတာပါ။ ပရိသတ်တွေအတွက် ပိုပိုနဲ့အောင်ထက်နဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ခရက်ဒစ်