(၃၅)ခ်က္ခ်ဳပ္ရမယ့္လက္သီးကိုမိအၿပီးမွာ ဆက္မထိုးဖို႔ ဆရာဝန္ကတက္တားခဲ့ရတဲ့ စိန္ေခၚပြဲ

မာရွယ္အတ္လို႔ေခၚတဲ့ ကိုယ္ခံပညာေပါင္းစုံနဲ႕ ဖိုက္ရတဲ့ ၿပိဳင္ပြဲေတြဟာ လက္သီးနဲ႕ထိုးသတ္ၾကတာ နည္းပါတယ္။ ကိုင္ေပါက္တာ ခ်ဳပ္တာေတြနဲ႕

ၿပိဳင္ဘက္ကို ဆက္မလုပ္နိုင္ေအာင္ ႀကိဳးစား အနိုင္ယူၾကတာ မ်ားပါတယ္။ ျမန္မာနိုင္ငံက ခါးပတ္ႏွစ္ခုပိုင္ရွင္ ေအာင္လအန္ဆန္းလို

လက္သီး အသုံးမ်ားတဲ့ ဖိုက္တာေတြက နည္းတယ္လို႔ ဆိုရမွာပါ။ ဒါေပမဲ့ အခုတစ္ေခါက္ ကမာၻ႔ထိပ္သီး ယူအက္ဖ္စီ ၿပိဳင္ပြဲမွာေတာ့

ဆရာဝန္ကေတာင္ တက္တားရတဲ့ လက္သီးခ်က္ ပိုင္ရွင္ေပၚလာခဲ့ပါၿပီ။ နိတ္ဒီရက္နဲ႕ ေဂ်ာ့မက္ဗီဒယ္ ဆိုတဲ့ ဖိုက္တာႏွစ္ဦး

ႀကိဳးဝိုင္းထဲမွာ အသည္းေကာင္းလို႔ ပြဲေတာင္းခဲ့ပါတယ္။ ပြဲေတာင္းခဲ့ခ်ိန္မွာ မက္ဗီဒယ္က ဆက္တိုက္ ဖိအားေပးထိုးခဲ့ၿပီး တစ္ခ်က္မွာ

လက္သီးတစ္လုံးက ဒီရက္ဆီကို ပစ္ဝင္ သြားခဲ့ပါတယ္။ ပထမအခ်ီ ကတည္းက ထိုးခံရတဲ့ အတြက္ ဆက္တိုက္ ဆိုသလို သုံးခ်ီေျမာက္ အထိ

အထိုးခံ ရေနတဲ့ ဒီရက္အတြက္ မ်က္ခုံး ကြဲေနတာက အဆင္မေျပပါဘူး။ ဒါ့အျပင္ ၿပီးခဲ့တဲ့ ေနာက္ဆုံး အေခါက္ကလည္း အဲဒီေနရာကိုပဲ

အထိုးခံထားရတာက ေဘးမွာအသင့္ပါလာတဲ့ ဆရာဝန္ အေနနဲ႕ ဆက္ၾကည့္ေနလို႔ မရေတာ့တာ အမွန္ပါ။ သုံးခ်ီေျမာက္ အေရာက္

ဆက္ထိုးမယ္ တကဲကဲလုပ္ေနတဲ့ ဒီရက္ကို ဆရာဝန္က အရႈံးေပးလိုက္ဖို႔ ဖိအားေပးခဲ့ၿပီး ဒိုင္ပြဲရပ္ လုပ္ခိုင္းခဲ့ပါတယ္။ မာန္ ရွိေသးေပမဲ့

ဆရာဝန္ရဲ႕အေတြ႕အႀကဳံ အရ ဆက္အထိုးခံရရင္ ကိုမာေတြျဖစ္သြားနိုင္တာကို ျမင္ေနတဲ့အေပၚ တက္တားခဲ့ရတာပါ။ သမိုင္းမွာေတာ့ ထူးျခားျဖစ္စဥ္

ပြဲတစ္ပြဲျဖစ္ၿပီး ဆရာဝန္စကားကို နားေထာင္ခဲ့တာကလည္း ဒီရက္အတြက္ကံေကာင္းခဲ့ပါတယ္။ အေၾကာင္းက ပြဲအၿပီးမွာ ဒဏ္ရာကို ခ်ဳပ္ခဲ့ခ်ိန္

ခ်ဳပ္ရိုးေပါင္း (၃၅)ခ်က္ကို ခ်ဳပ္ခဲ့ ရတယ္လို႔ ဆရာဝန္က ပရိသတ္ကို အသိေပးခဲ့ပါတယ္။ ဒီရက္ဟာ ဆက္ထိုးဖို႔ ဒိုင္ကို ရယ္ဒီျပေနတာကို

ဆရာဝန္က တက္တားခဲ့တဲ့ျဖစ္ရပ္အတြက္ ပြဲအၿပီးမွာ ကစားသမားက မေက်ပြဲကို ျပန္ႏြဲဦးမွာပါလို႔ ဆိုသြားခဲ့ပါတယ္။ ထူးျခားခ်က္အေနနဲ႕

အဆိုပါ ယူအက္ဖ္စီၿပိဳင္ပြဲကို စမက္ေဒါင္းမင္းသားႀကီး သယ္ေရာ့ကလည္း အဖြင့္အေနနဲ႕ တက္ေရာက္သြားခဲ့ၿပီး ပြဲကိုတက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မာရှယ်အတ်လို့ခေါ်တဲ့ ကိုယ်ခံပညာပေါင်းစုံနဲ့ ဖိုက်ရတဲ့ ပြိုင်ပွဲတွေဟာ လက်သီးနဲ့ထိုးသတ်ကြတာ နည်းပါတယ်။ ကိုင်ပေါက်တာ ချုပ်တာတွေနဲ့

ပြိုင်ဘက်ကို ဆက်မလုပ်နိုင်အောင် ကြိုးစား အနိုင်ယူကြတာ များပါတယ်။ မြန်မာနိုင်ငံက ခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်းလို

လက်သီး အသုံးများတဲ့ ဖိုက်တာတွေက နည်းတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အခုတစ်ခေါက် ကမ္ဘာ့ထိပ်သီး ယူအက်ဖ်စီ ပြိုင်ပွဲမှာတော့

ဆရာဝန်ကတောင် တက်တားရတဲ့ လက်သီးချက် ပိုင်ရှင်ပေါ်လာခဲ့ပါပြီ။ နိတ်ဒီရက်နဲ့ ဂျော့မက်ဗီဒယ် ဆိုတဲ့ ဖိုက်တာနှစ်ဦး

ကြိုးဝိုင်းထဲမှာ အသည်းကောင်းလို့ ပွဲတောင်းခဲ့ပါတယ်။ ပွဲတောင်းခဲ့ချိန်မှာ မက်ဗီဒယ်က ဆက်တိုက် ဖိအားပေးထိုးခဲ့ပြီး တစ်ချက်မှာ

လက်သီးတစ်လုံးက ဒီရက်ဆီကို ပစ်ဝင် သွားခဲ့ပါတယ်။ ပထမအချီ ကတည်းက ထိုးခံရတဲ့ အတွက် ဆက်တိုက် ဆိုသလို သုံးချီမြောက် အထိ

အထိုးခံ ရနေတဲ့ ဒီရက်အတွက် မျက်ခုံး ကွဲနေတာက အဆင်မပြေပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ နောက်ဆုံး အခေါက်ကလည်း အဲဒီနေရာကိုပဲ

အထိုးခံထားရတာက ဘေးမှာအသင့်ပါလာတဲ့ ဆရာဝန် အနေနဲ့ ဆက်ကြည့်နေလို့ မရတော့တာ အမှန်ပါ။ သုံးချီမြောက် အရောက်

ဆက်ထိုးမယ် တကဲကဲလုပ်နေတဲ့ ဒီရက်ကို ဆရာဝန်က အရှုံးပေးလိုက်ဖို့ ဖိအားပေးခဲ့ပြီး ဒိုင်ပွဲရပ် လုပ်ခိုင်းခဲ့ပါတယ်။ မာန် ရှိသေးပေမဲ့

ဆရာဝန်ရဲ့အတွေ့အကြုံ အရ ဆက်အထိုးခံရရင် ကိုမာတွေဖြစ်သွားနိုင်တာကို မြင်နေတဲ့အပေါ် တက်တားခဲ့ရတာပါ။ သမိုင်းမှာတော့ ထူးခြားဖြစ်စဉ်

ပွဲတစ်ပွဲဖြစ်ပြီး ဆရာဝန်စကားကို နားထောင်ခဲ့တာကလည်း ဒီရက်အတွက်ကံကောင်းခဲ့ပါတယ်။ အကြောင်းက ပွဲအပြီးမှာ ဒဏ်ရာကို ချုပ်ခဲ့ချိန်

ချုပ်ရိုးပေါင်း (၃၅)ချက်ကို ချုပ်ခဲ့ ရတယ်လို့ ဆရာဝန်က ပရိသတ်ကို အသိပေးခဲ့ပါတယ်။ ဒီရက်ဟာ ဆက်ထိုးဖို့ ဒိုင်ကို ရယ်ဒီပြနေတာကို

ဆရာဝန်က တက်တားခဲ့တဲ့ဖြစ်ရပ်အတွက် ပွဲအပြီးမှာ ကစားသမားက မကျေပွဲကို ပြန်နွဲဦးမှာပါလို့ ဆိုသွားခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့

အဆိုပါ ယူအက်ဖ်စီပြိုင်ပွဲကို စမက်ဒေါင်းမင်းသားကြီး သယ်ရော့ကလည်း အဖွင့်အနေနဲ့ တက်ရောက်သွားခဲ့ပြီး ပွဲကိုတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ခရက်ဒစ်