ဖုန်းမှားခေါ်မိရာကနေ ဇာတ်လမ်း စပြီး လက်ထပ်သွားကြတဲ့ မယ်ရုပ်ဆိုးလေး ရဲ့ ဖူးစာ
ကြည့်မရအောင်ကို ပျက်ဆီး နေလို့ အခြားသူတွေက နင်တသက်လုံး ယောက်ျား ရမှာ မဟုတ်ဘူး ဆိုတဲ့ လှောင်ပြောင်မှုတွေကို
ရာဗစ် ရှန်ကာဆင်းလို့ခေါ်တဲ့ ကောင်လေး တစ်ယောက်ရဲု့ဖုန်းနံပါတ်ဖြစ်ပြီး ကောင်လေး ကလည်း သူဖုန်းထဲမှာ Miss call တွေလို့
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဖူးစာဆိုတာ ဆန်းကြယ်လှတဲ့ အရာတစ်ခု ဖြစ်သလို လူးလာလို့ ရှိရင် ဘယ်လို အရာတွေကမှ ဟန့်တားနိုင်စွမ်း မရှိပါဘူး။
ထို့အတူပဲ အိန္ဒိယနိုင်ငံက အက်စစ်နဲ့ တိုက်ခိုက် ခံရလို့ မျက်နှာ တခုလုံး စုတ်ပြတ်သတ်အောင် ပျက်စီးနေတဲ့ မိန်းကလေးတစ်ဦး ဟာလည်း
ဖုန်းမှားခေါ်မိရာ ကနေ ကောင်လေးတစ်ယောက်ရဲ့ ဖူးစာ ဆုံဖက်ပြီး လက်ထပ် ထိမ်းမြားသွားခဲ့ပါတယ်။ သူမဟာ မျက်နှာတစ်ခုလုံး
ကြည့်မရအောင်ကို ပျက်ဆီး နေလို့ အခြားသူတွေက နင်တသက်လုံး ယောကျ်ား ရမှာ မဟုတ်ဘူး ဆိုတဲ့ လှောင်ပြောင်မှုတွေကို
အကြိမ်ကြိမ် ခံလာခဲ့ရသူ တစ်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ ဆွေးမျိုးတွေရဲ့ အက်စစ်နဲ့ တိုက်ခိုက်တာကို ခံခဲ့ရ တာကြောင့် အကြိမ်
၂၀ နီးပါး လောက် ခွဲစိတ်ခဲ့ရ တာတောင် သူမရဲ့ မျက်နှာဟာ ပြန်ကောင်း မလာခဲ့ပါဘူး။ သို့ပေမယ့် ဖူးစာကံ ထလာတဲ့ တစ်နေ့မှာ
သူမဟာ ဖုန်းနံပါတ် တစ်ခုကို မှားယွင်း ခေါ်ဆိုမိခဲ့ပါတယ်။ သူခေါ်ဆိုမိခဲ့တဲ့ ဖုန်းနံပါတ်ကတော့ CCTV ကုမ္ပဏီ တစ်ခုမှာ အလုပ် လုပ်နေတဲ့
ရာဗစ် ရှန်ကာဆင်းလို့ခေါ်တဲ့ ကောင်လေး တစ်ယောက်ရဲ့ ဖုန်းနံပါတ်ဖြစ်ပြီး ကောင်လေး ကလည်း သူဖုန်းထဲမှာ Miss call တွေလို့
ပြန်ခေါ်ရာ ကနေ သူတို့ ရဲ့ဇာတ်လမ်းလေးက စတင်ခဲ့ တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူတို့တွေဟာ အချိန်မှန် ဖုန်းပြောဖြစ်ခဲ့ကြပြီး
ချစ်သူ ဆိုတဲ့ အဆင့်ထိတောင် ရောက်သွားခဲ့ကြပါတယ်။ ကောင်လေးဟာ ဆိုရင်လည်း သူ့ချစ်သူကောင်မလေးရဲ့ မျက်နှာကို အပြင်မှာ
မြင်တွေ့ရတဲ့ အချိန်မှာ လက်လွှတ်လိုက်ဖို့ထက် အနားမှာ နေပေးဖို့သာ ပိုမို စိတ်အား ထက်သန်ခဲ့ပြီး တဖြေးဖြေး ပိုချစ်လာခဲ့ပါတယ်။
ဒါ့ကြောင့် ကောင်းလေးဟာ သူရဲ့ ချစ်သူ ကောင်မလေးရဲ့ ဘဝကို အရိပ်လို မိုးပေးဖို့ အတွက် မိဘတွေထံမှာ ခွင့်တောင်းကာ တရားဝင်
လက်ထပ် ထိမ်းမြားခဲ့ပါတယ်။ အခုဆိုရင်လည်း သူတို့နှစ်ယောက် လက်ထပ် ထားတာ ၂ နှစ်ကျော်လောက် ကြာမြင့်ခဲ့ပြီ ဆိုပေမယ့်
သူတို့ အချစ်တွေဟာ မလျော့သွားတဲ့အပြင် ပိုတောင် တိုးလာကြတယ် လို့ သိရပါတယ်။ ခရက်ဒစ်